Samstag, 13. September 2014

28 ရက်အတွင်း အမာရွတ်တွေနဲ့ အကြောပြတ်ရာတွေကို မှေးမှိန်သွားစေတဲ့ လိမ်းဆေးထွက်ရှိ

 
အမာရွတ်တွေနဲ့ အကြောပြတ်ရာတွေကို ၂၈ ရက်အတွင်း မှေးမှိန်သွား စေနိုင်တဲ့ လိမ်းဆေး တစ်မျိုးကို ဗြိတိန်နိုင်ငံမှာ ရရှိနိုင်မှာဖြစ်ကြောင်း သိရတယ်။

Remescar လို့ခေါ်တဲ့ လိမ်းဆေးဟာ အလွန်ပါးလွှာပြီး မမြင်ရတဲ့ ဆီလီကွန် အလွှာပါးနဲ့ ဖုံးအုပ်ကာ အရေပြားပေါ်ရှိ ပြဿနာတွေကို ရာခိုင်နှုန်း ၅၀ အထိ မှေးမှိန်သွားစေ နိုင်တယ်။ အဲဒီအလွှာပါးဟာ အရေပြားရဲ့ အပေါ်ဆုံးအလွှာကို အကာအကွယ်ပေးပြီး အရေပြားပြန်လည် ပြုပြင်မှုကို အားပေးတယ်။

အဲဒီ လိမ်းဆေးမှာ သဘာဝအတိုင်းတွေ့ရှိရတဲ့ အပင်တစ်မျိုး ဒါမှမဟုတ် တဆေးမှထုတ်ယူထားတဲ့ ဘီကာ ဂလူကန်ဓာတ်လည်း ပါဝင်ပြီး၊ အဲဒါဟာ ဒဏ်ရာတွေကို အကာအကွယ်ပေးပြီး စိုစွတ်စေတယ်။ ဒါ့ အပြင် အားကောင်းတဲ့ SPF 15 ခရမ်းလွန်ရောင်ခြည် ဆန်ခါတွေ လည်းပါဝင်ပြီး၊ နေရောင်ကြောင့် ပျက်စီးမှုက ကာကွယ်ပေးတယ်။

လူနာတွေကို စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ရာမှာ အဆိုပါဆေးကို တစ်နေ့နှစ်ကြိမ်လိမ်းပါက ပေါင်တွေ၊ ဗိုက်တွေနဲ့ တင်ပါးတွေက အကြောပြတ်ရာတွေကို ၂၈ ရက်အတွင်း ရာခိုင်နှုန်း ၅၀ မှေးမှိန်စေကြောင်း တွေ့ရှိရတယ်။
အသေးစား ခွဲစိတ်ကုသမှု၊ မီးလောင်နာ၊ ၀က်ခြံနဲ့ မတော်တဆမှုတွေကြောင့်ဖြစ်ပေါ်တဲ့ အမာရွတ် အသစ်ရော အဟောင်းတွေကိုပါ လျော့ကျစေကြောင်းလည်း တွေ့ရှိရတယ်။ ဆေးကိုအသုံးပြုသူတွေက ဆေးဟာ အရေပြားကို ပုံမှန်အရောင်၊ ပုံမှန်ဒြပ်သားရအောင် ပြန်လည်ထိန်းသိမ်းပေးပြီး၊ အမာရွတ်ကို မှေးမှိန်ပျောက်ကွယ် သွားစေတယ် လို့ ပြောကြားခဲ့ကြတယ်။

အခု ထွက်ကုန်ကို ဖန်တီးရာမှာ ပါဝင်ခဲ့တဲ့ ဘယ်လ်ဂျီယံ သိပ္ပံပညာရှင်တွေက အခုလိမ်းဆေးဟာ ပထမဆုံး အသိအမှတ်ပြုခံရပြီး၊ လူနာတွေမှာ စမ်းသပ်ချက်အရ သက်သေပြနိုင်တဲ့ ပထမဆုံး အမာရွတ် ပျောက်လိမ်းဆေး ဖြစ်တယ်လို့ ဆိုတယ်။

ညွန့်လွင်(စက်မှုတက္ကသိုလ်

ခြေဗလာ လမ်းလျှောက်ခြင်းရဲ့ ကောင်းကျိုးလေးများ



ကျောက်စရစ် ခဲလုံးလေးတွေပေါ် ဖိနပ်မပါဘဲ လမ်းလျှောက် နေတာကို မြင်ဖူးကြမှာပါ။ မြေပြန့် ပေါ် မလျှောက်ဘဲ ဘာ့ကြောင့် တကူးတက ခဲလုံးပေါ် လမ်းလျှောက် ကြရတာလဲ? ဖိနပ်ချွတ်ပြီး ဘာ့ကြောင့် ခက်ခက်ခဲခဲ လမ်းလျှောက် ကြရတာလဲ?

၁) သွေးကျစေပါတယ်။

အမေရိကန်နိုင်ငံမှာ သွေးတိုးရောဂါရှိသူ သက်ကြီး ရွယ်အိုများကို ရက်သတ္တ ၁-ပတ်လျှင် ၃နာရီဖြင့် အချိန်ကာလ ၄-လကြာမျှ ကျောက်စရစ်ခဲတွေပေါ် ခြေဗလာဖြင့် လမ်းလျှောက်စေခဲ့ရာ၊ သိသိ သာသာ သွေးတိုး ကျသွားပါတယ်။ သွေးတိုးရောဂါသည်များ အဲဒီ လျှောက်ပေးခြင်းက မြေပြင်ညီပေါ်ဖိနပ် စီး၍ ပုံမှန်လမ်းလျှောက်ခြင်းထက် ပိုမိုကောင်းကျိုး ဖြစ်စေတယ်လို့  ၂၀၀၅ ခုနှစ် ထုတ် “ The American Geriatrics Society ” (ခေါ်) “အမေရိကန် သက်ကြီးရွယ်အို လူ့ ဘောင်အဖွဲ့ ” လို့  အမည်ရတဲ့ ဂျာနယ် တစ်စောင်မှာ ဖော်ပြထားပါတယ်။

၂) အာရုံစူးစိုက်မှု ကောင်းလာစေပါတယ်။

အာရုံစူးစိုက်ပြီး ခြေလှမ်းတိုင်းကို ဖြေးဖြေးနဲ့ မှန်မှန် လှမ်းလျှောက်ရခြင်းကြောင့် သက်ကြီးပိုင်း ဆိုင် ရာ အသိအာရုံ ကောင်းမွန် တိုးတက်လာပါတယ်။

၃) စိတ်တက်ကြွမှုဖြစ်စေပါတယ်။

ဘသာဝပထ၀ီ မြေကြီးဓာတ်ရဲ့  ထူးခြားသောအကျိုးအာနိသင်ကြောင့် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ် ပိုင်း ဆိုင်ရာပါ ကောင်းကျိုး ပြုပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျခြင်းနှင့် စိတ်ပူပင်သောကများကို အလိုအလျောက် ပြေလျော့ သွားတယ်လို့ ဆိုပါတယ်။

၎) ခြေဖ၀ါး အနှိပ်ခံသကဲ့သို့ ထိရောက်မှုဖြစ်စေပါတယ်။

ခြေဖ၀ါးဟာ ခန္ဓာကိုယ် အစိပ်အပိုင်းများရဲ့ အကြောစုံဖြစ်သလို၊ ခန္ဓာကိုယ်တွင်းကလီစာများနှင့် လည်း ဆက်နွယ် နေလို့  ခြေဖ၀ါးနှိပ်နယ် ကုသမှုခံယူ နေကြခြင်းဖြစ်ပါတယ်။ ယခုလို ကျောက် စရစ်ခဲတုံးလေးတွေပေါ် ခြေဗလာဖြင့် လမ်းလျှောက်ခြင်းက လက်ဖြင့်  နှိပ်နယ်ခံရသကဲ့သို့ အကျိုးအာနိသင် ရှိစေလို့ ၊ ငွေမကုန်ဘဲ ရောဂါ သက်သာစေတဲ့ နည်းလမ်းကောင်းပါဘဲ။

၅) ကြွက်သားများကို ကျမ္မာစေပါတယ်။

ကျောက်စရစ်ခဲများပေါ် ခြေကြွလှမ်းလျှောက်ခြင်းကြောင့် ခြေဖနောင့်-ခြေဖ၀ါးအလယ်-ခြေချောင်း စသည်ဖြင့် ခြေဖ၀ါးတပြင်လုံး သွေးလည်ပတ်မှု ကောင်းစေကာ၊ ဖြေဖ၀ါးကြွက်သားများကို ကျမ္မာ ကြံ့ ခိုင်လာစေပါတယ်။ လွန်ခဲ့သော နှစ် ၂၀၀၀ ခန့် က ခြေနင်း ဖိနပ်လုံးဝမစီးဘဲ ခြေဗလာဖြင့်လှည့်လည် သွားလာ ရှင်သန်ခဲ့ကြသည့် ဇူးလူး လူမျိုးတို့ ရဲ့  ကျောက်ဖြစ်ရုပ်ကြွင်း အရိုးစုများကို ပြန် လည်ေ လ့လာစမ်းစစ်ကြည့်ရာ ယနေ့ ခေတ်အရိုးစုနဲ့  မတူ ခြေချောင်းရိုးလေးများ သန်မာကြကြောင်း လေ့လာတွေ့ ရှိရ ပါတယ်။

၆) ခြေထောက်ယောဂ လေ့ကျင့်ခဏ်း ယူခြင်း တစ်မျိုးပါဘဲ။

ခြေဖ၀ါးကို ဟန်ချက်ညီညီ ကျောက်စရစ်ခဲပေါ် ထိန်းပြီး ကိုယ်ကိုမတ်မတ်ထားကာ ခြေဆန့် လမ်းလျှောက်ခြင်း ကြောင့် ကြွက်သား နှင့်အရိုးစပ်ကြားရှိ အရွက်ကြောလုံးများ၊ ခြေ တစ်ချောင်းစီရဲ့  အရိုးများကို ဆက်သွယ် ထားသည့် အရွတ်ပြားများ နှင့် အရိုးအဆစ် အဆက်များကို ကျန်းမာကြံ့ ခိုင်စေသည့်ပြင်၊ ဒူးနာ-ခါးနာတို့ ကို ပါ ပျောက်ကင်းစေပါလို့  ခြေထောက်ယော ဂကျင့်စဉ် အထူး လုပ်နေစရာ မလိုတော့ပါဘူး။

၇) ညဘက်နှစ်ခြိုက်စွာ အိပ်မောကျစေပါတယ်။

နှစ်ခြိုက်စွာအိပ်မောကျစေလို့ နာတာရှည် အိပ်မပျော်သူများအတွက် အကောင်းဆုံးကုထုံး လို့ ဆိုပါတယ်။

၈) ဇီဝကမ္မဖြစ်စဉ်ကို အလုံးစုံ တိုးတက်စေပါတယ်။

လူ့ ခန္ဓာကိုယ်ကို ရေဓာတ် ၆၀%နဲ့ ဖွဲ့ စည်းတည် ဆောက်ထားတာပါ။ ကမ္ဘာပထ၀ီမြေကြီးရဲ့  အစိပ်အပိုင်း တစ်ခု ဖြစ်တဲ့ ကျောက်စရစ်ခဲထဲမှာ (-)သံဓာတ်များ ပါရှိပါတယ်။ ထိုကျောက်စရစ်ခဲပေါ် ခြေဗလာ လမ်းလျှောက်ခြင်းဖြင့် ခြေဖ၀ါး အပူဓာတ်ကနေ (-)သံ ဓာတ်များကို ယခန္ဓာထဲ စီးဝင်လာပြီး၊ အဆိပ်အတောက်ပြေစေခြင်း/ကိုယ်တွင်း ကိုယ်ပရောင်ရမ်းနာများ ကိုသက်သာစြေ ခင်း/ ဟိုမုန်းမျှတခြင်း/စိတ်ပိုင်းဆိုင်ရာကျမ္မာစေခြင်း …စသည်ဖြင့် ကောင်းကျိုးများခံစားရစေပါ တယ်။ ရေစွတ်စိုသော သဲသောင်ပြင် ပေါ် ဖိနပ်မပါဘဲလမ်းလျှောက်ခြင်းကလည်း ထိုကျမ္မာေ ရးအကျိုးကျေးဇူးများကို ရနိုင်ပါတယ်။

၉) ပျော်ရွှင်စရာလေ့ကျင့်ခဏ်းတစ်မျိုးပါ။

နေခြည်နုနုအောက် လေကောင်းလေသန့် ရှုရှိုက်ရင်း၊ ကျောက်စရစ်ခဲလမ်းကလေးပေါ် ဖြည်းဖြည်းမှန်မှနှ် လမ်းလျှောက်ကာ မိမိအားသန်ရာ သီးချင်းသီဆိုခြင်း (သို့ မဟုတ်) ဘုရားစာရွတ်ဖတ်ခြင်း (သို့ မဟုတ်) တရား ရှုမှတ်ခြင်းဖြင့် လူးလာခေါက်တုန့် လျှောက်ခြင်းက စိတ်နှလုံးအေး ချမ်းစေတဲ့ ပျော်ရွှင်ဖွယ်ရာ အားကစား လေ့ကျင့်ခဏ်းလေးပါဘဲ။

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)
(ကိုးကား…Health Benefits of Bare feet )

သံပုရာရည်ကို ဘာ့ကြောင့် နံက်တိုင်း သောက်သင့်တာလဲ



အဖြေကတော့ သံပုရာသီးထဲမှာ လူသားတို့  ကျန်းမာရေးကို ကောင်းကျိုးပြုတဲ့ အာနိသင်တွေများပြား လို့ ပါဘဲ။ သံပုရာသီးထဲမှာ ကိုယ်တွင်း/ကိုယ်ပ ဗက်တီးရီးယားပိုး မွှားတွေကို သုတ်သင်နှိမ် နင်းပေးနိုင် တဲ့ antibacterial၊ ပြင်ပကူးစက်ဗိုင်း ရပ်စ်ပိုးတွေကို တားဆီး ကာကွယ်ပေးတဲ့ antiviral၊ ကိုယ်ခံစွမ်းအား တွေ တိုးတက်ကောင်းမွန်စေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ် များ ဖြစ်ကြတဲ့ ဆစ်ထရစ်အက်ဆစ်/ကယ်လ်စီယမ်/မဂနီစီယမ်/ဗီတာမင်စီတို့ လုံလောက်စွာပါရှိတာကြောင့် နံက်စာစားပြီးတိုင်း သံပုရာရည် တစ်ခွက် ပုံမှန် သောက်ပေးသင့်တယ်လို့  Daily Health Tips (ခေါ်)အင်တာနက်ကျန်းမာရေးသတင်းလွှာမှာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၀ရက်နေ့ ဖော်ပြသွား ခဲ့ပါတယ်။

(၁) အစာကျေစေခြင်း။

သံပုရာရည်က ခန္ဒာကိုယ်တွင်း အစာချေအင်္ဂါအဖွဲ့ အစည်းထဲမှ အဆိပ်အတောက်များကို နှင် ထုတ်ပေးနိုင်ပါ တယ်။ ဒါ့ပြင် အစာမ ကျေလေပွခြင်းကိုလည်း သက်သာလာစေပါတယ်။ အူသိမ် အူမများကို ကောင်းစွာ အလုပ်လုပ် စေနိုင်လို့  အူကင်ဆာဝေဒနာသည် များကို သံပုရည်သောက်ရန် ဆရာဝန်များက အကြံပေးလေ့ ရှိပါတယ်။

(၂) ကိုယ်တွင်းသန် စေ့ခြင်း။

သံပုရာသီးထဲရှိ ဆစ်ထရစ်အက်ဆစ်များက အင်ဇိုင်းအဖြစ် အထောက်အပံ့ဖြစ်စေပါတယ်။ နံက်ပိုင်း သံပုရာရည် သောက်ခြင်း အားဖြင့် တညတာအောင်းထားသော ယူရစ်အက်ဆစ်များကို ဆီး အဖြစ်ကုန်စင်အောင်စွန့်  ထုတ်ပေးနိုင်ပါတယ်။

(၃) ကိုယ်ခံစွမ်းအား တိုးတက်ကောင်းမွန်စေခြင်း။

ဗီတာမင်စီနဲ့  ပိုတက်စီယမ်တို့  မြင့်မားစွာပါရှိကြလို့ ၊ ဦးနှောက်နဲ့ အာရုံကြောအဖွဲ့ အစည်းများကို လှုံ့ ဆော်ပေးပါ တယ်။သွေးတိုး ကျခြင်း၊ ရာသီဥတုပူပြင်း၍ ရေဓာတ်ဆုံးရှုံးမောပန်းမှုဒဏ်ကို ပြေပျောက်ခြင်း၊ ပန်းနာရင်ကျပ်နဲ့  အသက်ရှုလမ်းကြောင်းပိတ် ဆို့ မှုပြသနာများကို ကောင်းကျိုးပြုပေးပါတယ်။ သံပုရာတစ်ခွက်ကို နံက်တိုင်းပုံမှန် သောက်သုံးပေးခြင်းဖြင့် အရိုးအဆစ်မြစ်များတွင် ယူရစ်အက်ဆစ် အနည်ကျခြင်းကို ကာကွယ်ပေးလို့  အဆစ်မြစ် ယောင်ရမ်း ဝေဒနာသည်များ၊ လေးဘက်နာရောဂါသည် များ၊ ဂေါက်ဝေဒနာသည်များ မဖြစ်မနေသောက်သုံး သင့်ပါတယ်။ အရိုးနဲ့  အရိုးဆက်တစ်ရှုးများ ကြံ့ ခိုင်ကျန်းမာစေရန်အတွက် လည်း သံပုရာရည်က မရှိမဖြစ်ပါ ဘဲ။ ဒြါ့ ပင် သံပုရာသီးထဲမှာပါရှိတဲ့ antimicrobial အစွမ်းက ရာသီ ကူးစက်ဖျားများဖြစ်ကြေ သာ အအေးမိ၊ တုပ်ကွေးရောဂါတို့ ကို တိုက်ထုတ်ပေးနိုင်ပါတယ်။

(၄) အရေပြားသန့် စေခြင်း။ 

ကျန်းမာသောအသားအရေဖြစ်စေဖို့  ဗီတာမင်စီက အလိုအပ်ဆုံးအရာပါ။ သံပုရာသီးထဲရှိ ဗီတာ မင်စီများက ဓာတ်တိုးဆန့်ကျင် ပစ္စည်းအဖြစ်စွမ်းဆောင်နိုင်၍၊ အသားအရေတွဲကျခြင်း၊ အရေပြား ညစ်ကာ မစိုမပြေဖြစ်ခြင်း၊ အသားအရေနေလောင်ခြင်း တို့ ကို လျော့ပါးသက်သာစေပါတယ်။ ဒါ့ပြင် သံပုရာသီးထဲရှိ သဘာဝ အယ်လ်ကာလီ အစွမ်းက ၀က်ခြံဖြစ်စေတဲ့ ဗက်တီးရီးယား တို့ ကို သေစေပါတယ်။ အမာရွတ်နဲ့  မျက်နှာပေါ်ရှိ အမည်းစက်များ လျော့ပါးသက် သာလာစေဖို့ သံပုရာရည်ဖြင့် ယုံကြည်စိတ်ချစွာလိမ်း ပေးပါ။

(၅) စိတ်ခံစားမှု ကောင်းမွန်စေခြင်း။

အစားအစာထဲရှိ မော်လီကျုးနဲ့ အက်တမ်များက လူသားတွေရဲ့  စိတ်ကိုခွန်အားဖြစ်စေပါတယ်။ သံပုရာသီးက စိတ်ခံစားမှု ကောင်းမွန်အောင် အထောက်အပံ့ပေးနိုင်တာကို စိုးစဉ်းမျှယုံမှားသံသယ ဖြစ်ဖွယ်မရှိပါ။ သံပုရာရနံ့ က လူကိုလန်ဆန်းတက်ကြွ စေသလို၊ သံပုရာရည်သောက်ခြင်ြး ဖင့် စိတ်ဓာတ်ကျခြင်း၊ စိတ်ပင်ပန်းနွမ်းနယ်ခြင်းတို့ ကို လျော့ကျသွားပါတယ်။

(၆) ခံတွင်းကောင်းစေခြင်း။

နာတာရှည်နေမကောင်းဖြစ်သူများ၊ ခွဲစိတ်ကုသခံရသောလူနာများ သံပုရာရည်သောက်ခြင်းဖြင့် နာလန်ထခံတွင်း လိုက်လာကာ နှုတ်မြိန်စေပါတယ်။ သံပုရာရည်က သွားနဲ့ သွားဖုံးများ ရောင် ကိုင်း နာကျင်ခြင်းမှ သက်သာစေပြီး၊ ခံတွင်းရနံ့ ကိုလည်း ရှင်းသန့်  ကောင်းမွန်လာစေပါတယ်။ သို့ သော် သံပုရာရည်သောက်ပြီး (ချက်ချင်း) သွားမတိုက် ပါနဲ့ ။ သွားရဲ့ အပေါ်ယံကြွေသွားလွှာများ ပျက်စီးစေတတ်လို့ ၊ အနည်းဆုံး နာရီဝက်ကျော်ကြာမှ သွားတိုက်ပါ။

(၇) ကိုယ်အလေးချိန်ကျစေခြင်း။

ဆေးသုတေသီတွေရဲ့  ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ သံပုရာသီးထဲမှာပါရှိတဲ့ pectin အမျှင်ဓာတ်က အစားအစာ တွေ မကြာခဏ စားလိုစိတ်ကို ချိုးနှိမ်ပေးပါတယ်တဲ့။ ဒါ့ပြင် alkaline ဓာတ်ပါရှိ လို့  ကိုယ်အလေးချိန်မြန်မြန် ကျစေပါတယ်။ အထူးသဖြင့် နံက် အိပ်ယာထမှာ သံပုရာသီးခွံ ကို ပျော့သွားအောင်လှိမ့်ပြီး၊ ဓားနဲ့ ထက်ခြမ်းခြမ်း ကာ ရေနွေးဖြူပူပူခွက်ထဲ သံပရာခွံမနွှာ အရည် မညှစ်ဘဲ အလုံးလိုက်စိမ်သောက်ပေးခြင်းဖြင့်၊ ၁-လအကြာမှာ သိသိသာသာ ကိုယ်အလေး ချိန်ကျြ ခင်း၊ ခန္ဒာကိုယ်ထဲရှိ အဆီပို များကျခြင်း၊ သွေးတိုးကျခြင်း စသည့် ကောင်းကျိုး တွေခံ စားရစေပါတယ်။

(၈) အထွေထွေရောဂါများ။

သလိပ်ခြောက်ချွဲကပ်ခြင်းအတွက် ပျားရည်နဲ့ သံပုရာရည်ဆတူရော၍သောက်ပါ။ လည်ချောင်းနားခြင်းအတွက် ရေနွေးပူထဲ သံပုရာရည်နဲ့ ပျားရည် ဆတူရောထဲ့၍ သောက်ပါ။ ၀မ်းဖောဝမ်းရောင်ခြင်းအတွက် သံပုရာရည် ၄ပဲ၊ ဆား ၂ပဲ၊ ထန်းလျက် ၁ကျပ်သား၊ ရေ ၅ကျပ်သားရောစပ်ေ သာက်ပါ။ နှာခေါင်းသွေးယိုခြင်းအတွက် သံပုရာသီး လတ်လတ်ဆတ်ဆတ်အရည် ကို နှာခေါင်း ထဲညှစ်ထဲ့ပါ(သို့ မဟုတ်)သံပုရာရည်ကို ဂျုံမှုန့် နဲ့ ရော၍ နှာတံပေါ် လိမ်းပေးပါ။ သံပုရာစေ့ကို ရေ နဲ့ ကြိတ်ပြီး နေ့ စဉ် လိမ်းပေးခြင်းဖြင့် ဆံပင်များပြန်ပေါက်လာစေပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်ခြင်းအတွက် သံပုရာစေ့ကို ကြိတ်၍ နားသယ်လိမ်း ပေးပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက်..မျှဝေသည်)

Mittwoch, 10. September 2014

အချိုမှုန့် ဆိုတာ ဘာလဲ” ဘယ်လောက်များအန္တရာယ် ပေးနှိုင်လဲသိစေချင်

အချိုမှုန့် ဆိုတာ ဘာလဲ” ဘယ်လောက်များအန္တရာယ် ပေးနှိုင်လဲသိစေချင်

do not eat msg
အချိုမှုန့်စားသုံးခြင်းဟာ ကိုယ့် မျိုးဆက်ကို ကိုယ်သတ်နေသလိုပါပဲ…
ဒါကြောင့် အဲလိုအဖြစ်မျိုးမဖြစ်စေချင်ရင် အချိုမှုန့်အစား အခြားသော ဟင်းချိုမှုန့်တစ်ခုခုကို အစားထိုးသုံးသင့်ပါတယ်…
သင့်ကြောင့် လူမမယ် သင့်မျိုးဆက်လေးတွေ ဒုက္ခမရောက်ပါစေနဲ့…
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အချိုမှုန့်
ရေရှည် မှန်မှန် စားသွားရင် ဒီလောက်အန္တရာယ် များပါတယ်ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate(MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွား တိုးပေးလိုက်တာ ဖြစ်ပါတယ်။အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား?ပုံမှန်သုံးသင့်တဲ့ ဟင်းခတ် အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ။
ဲ(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်း ဆောင်တာမှာ အနှောင့်အယှက် တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။
ကြွက်ဖြင့် စမ်းသပ်ထား
(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလိုအ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတဲ့အဖော်အပေါင်းတွေပါ ပါလာပါလိမ့်မယ်။
(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစ ကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။
(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက် ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။
(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက် ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံ စားတဲ့ အကျင့်ရှိကာအ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။(ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေဝယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)
(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။
(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။
(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။
အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။
(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။
(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ
အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ
အချိုမှုန့် ထပ်မထည့်ပါနဲ့။
(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက် တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။
(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်ခင်ဗျား။
မှတ်ချက်။ ။ ကျွန်တော်တို့ မိသားစု အချိုမှုန့် နဲ့ ပြတ်စဲလမ်းခွဲဖို့တော်တော့်ကိုခက်ခက်ခဲခဲကြိုးစားခဲ့ရပါတယ်။ ကျွန်တော့်အမေရဲ့ဆေးပညာဆိုင်ရာဗဟုသုတနဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကြောင့် အချိုမှုန့်နဲ့
လမ်းခွဲခဲ့တာ နှစ်ပေါင်းသုံးဆယ်ကျော်ရှိပါပြီ။
မိသားစုအားလုံးဟာ အမေ့ရဲ့ကျေးဇူးကြောင့် အသံတိတ်
လူသတ်သမားရန်က ကင်းဝေးခွင့်ရခဲ့ပါတယ်။
Reference: Myawady Health

ကြက်ဆီထမင်း (ဟိုင်နန်- တရုတ်)


ကြက်ဆီထမင်း (ဟိုင်နန်- တရုတ်)



***... ကြက်သားပြုတ် အတွက် လိုအပ်တာလေးတွေ…

1. အတွင်း ကလီစာများ နှင့် အဆီများ ထုတ်ကာ သန့်ပြန့်အောင် ဆေးထားသော ကြက် – ၁ ကောင် (820 g) (၅၃ ကျပ်သား)
2. ဓါးပြား ရိုက်ထားသော ကြက်သွန်ဖြူ – အတက်ကြီး ၅ တက်
3. အခွံမခွါပဲ ပြောင်စင်အောင် ဆေးပြီး ဓါးပြား ရိုက်ထားသော ဂျင်း – ၁ တက် (လက်မအရွယ်ခန့်)
4. ၂ လက်မ အရှည်ခန့် လှီးထားသော ကြက်သွန်ပင် – အနည်းငယ်
5. ၂ လက်မ အရှည်ခန့် လှီးကာ အနည်းငယ်ကြေအောင် ထုထားသော စပါးလင် – ၄ ပိုင်း
6. လေးစိတ်ကွဲ လှီးထားသည့် ဂေါက်သီးအရွယ် ကြက်သွန်နီ – ၁ လုံး
7. ရိုးရိုးရေအေး – ကြက်တစ်ကောင်လုံး မြှုပ်လုနီးပါးထည့်ရန်
8. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
9. chicken powder – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
10. နှမ်းဆီ – အနည်းငယ် (ကြက်သားပြုတ်ကို ခုတ်ထစ်ပြီးနောက် အရောင်လက်ပြီး မွှေးအောင်သုတ် ရန်)

နှမ်းဆီမှ လွဲ၍ ကြက်သားပြုတ်ရန် လိုအပ်သည့် ပါဝင်ပစ္စည်းအားလုံးကို အိုးတစ်လုံးထဲထည့်ကာ high heat ဖြင့် အိုးအဖုံး မဖုံးပဲ ပြုတ်ထားပါ။

ရေများစပြီး ဆူလာသည်နှင့် medium low heat သို့လျှော့ကာ အိုးအဖုံး ဖုံးပြီး ပြုတ်ပါ။ (ရေကို လုံးဝ မဆူစေပဲ၊ အငွေ့ထွက်ရုံ ပူစေသည့် မီးအပူရှိန် ဖြစ်နေရပါမယ်။)

၁၅ မိနစ်ခန့်ကြာလျှင် တစ်ဖက်ကို လှန်ပေးပြီး နောက်ထပ် ၁၅ မိန်ခန့် ဆက်ပြုတ်ပါ။ (အသား နှင့် အရေခွံများ မပေါက်ပြဲအောင် တတ်နိုင်သမျှ သတိထားလှန်ပါ။)

စုစုပေါင်း မိနစ် ၃၀ ခန့်ကြာပြီးလျှင် အသားကျက် မကျက် သိရအောင် ကြက်ပေါင်ရင်းအသားထဲကို တူဖြင့်ထိုးကြည့်ပါ။ သွေးရည်ကြည်လေးများ မထွက်လာတော့လျှင် အသားကျက်ပါပြီ၊ မကျက်သေးလျှင် မိနစ်အနည်းငယ် ဆက်ပြုတ်ပေးပါ။

အသားကျက်လျှင် ဆယ်ယူကာ ရေခဲရေထဲစိမ်ပြီး (သို့) ရေအေးပိုက်အောက် ထားကာ အေးသွားအောင် လုပ်ပေးပါ။ (အသားများ ပဲ့ရွှဲ့ သွားနိုင်၍ ရေပိုက်မှ လာသော ရေ ကို အသားပေါ် တိုက်ရိုက်မကျ ပါစေနှင့်။)

အေးသွားပြီးနောက် ရေစစ်ဆယ်ကာ ခြောက်သွားအောင် ၁ နာရီခန့် လေ သလပ်ခံထားပါ။

ပြီးလျှင် မိမိနှစ်သက်သလို ခုတ်ထစ်ကာ အရောင်လက်ပြီး မွှေးအောင် brush သုံး၍ နှမ်းဆီအနည်းငယ် သုတ်ပေးပါ။

***... ထမင်းချက်ရန် လိုအပ်တာလေးတွေ…

1. ထောင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၂ ဇွန်း
2. ထောင်းထားသော ဂျင်း – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
3. ဆီ – ထမင်းစားဇွန်း ၁ ဇွန်း (ကြက်အဆီတုံး မသုံးလျှင် နောက်ထပ် ထမင်းစားဇွန်း ၃ ဇွန်း ပိုထည့်ပါ။)
4. ကြက်အဆီတုံး – ထမင်းစားဇွန်း ၄ ဇွန်းခန့်
5. ရေဆေးပြီး ရေစစ်ထားသော ရိုးရိုးဆန် – ၄ ခွက် (rice cooker တွင် ပါသောခွက်)
6. ကြက်ပြုတ်ရည် – ၅ ခွက် (rice cooker တွင် ပါသောခွက်) (ဆန်အမျိုးအစားပေါ်မူတည်ပြီး အနည်းငယ်ကွာခြားနိုင်ပါတယ်။)
7. ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက် (ကြက်ပြုတ်ရည် အပေါ့၊ အငံပေါ်မူတည်ပြီး လိုအပ်သလို ထည့်ပေးပါ။)

ကြက်သွန်ဖြူ၊ ဂျင်း၊ ဆီ နှင့် ကြက်အဆီတုံးတို့ကို medium heat ဖြင့် မွှေကြော်ပေးပါ။

ကြက်အဆီများပျော်ပြီး အဆီ (ထမင်းစားဇွန်း ၃ ဇွန်းခန့်) ထွက်လာကာ ကြက်သွန်ဖြူ နှင့် ဂျင်း အနည်း ငယ် ရွှေဝါရောင်သန်းပြီး မွှေးလာလျှင် …..

မပျော်သည့် ကြက်အဆီခဲအချို့ကို ဖယ်ထုတ်ပစ်ကာ ဆား နှင့် ရေဆေး၊ ရေစစ်ထားသော ဆန်ထည့်၍ high heat ဖြင့် ၂ မိနစ်ခန့် ခပ်ဖွဖွမွှေကြော်ပေးပါ။

ပြီးလျှင် ကြော်ထားသောဆန် နှင့် ကြက်ပြုတ်ရည်ကို rice cooker ထဲထည့်ပြီး ရိုးရိုးထမင်းချက်သကဲ့သို့ ချက်ပေးပါ။ (ရေဆူလာလျှင် ဆီ များ ပြန့်နှံ့စေရန် အထက်အောက်လှန်ပြီး အနည်းငယ်မွှေပေးပါ။)

ထမင်းကျက်လျှင် အိုးအဖုံးချက်ချင်း မဖွင့်သေးပဲ ၁၀ မိနစ်ခန့် နှပ်ထားပါ။ ပြီးနောက် အထက်အောက် လှန်ကာ အနည်းငယ်မွှေပြီးမှ ခူးခပ်စားပါ။ (အရသာ နှင့် ဆီများ ညီညီညာညာပြန့်နှံ့ရုံမက၊ ထမင်းစေ့ လေးများလည်း တစ်လုံး နှင့်တစ်လုံးကပ်မနေပဲ စားချင်စဖွယ်ဖြစ်စေပါတယ်။)

ကြက်ဆီထမင်း ဖြင့် တွဲစားရသော sauce အမျိုးပေါင်းများစွာရှိသည့်ထဲက ၂ မျိုးကို လုပ်ပြထားပါတယ်။ မိမိကြိုက်နှစ်သက်ရာ တစ်မျိုးကို သုံးနိုင်သလို၊ အခြား sauce များဖြင့်လည်း တွဲဖက်စားနိုင်ပါတယ်ရှင်။ ကျွန်မတို့ မိသားစု ကတော့ dipping sauce 2 ဖြင့် စားရတာကို ပိုကြိုက်ပါတယ်။

***... dipping sauce 1 အတွက် လိုအပ်တာလေးတွေ…

1. ထောင်းထားသော ဂျင်း – ထမင်းစားဇွန်း ၁ ဇွန်း
2. ထောင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်း
3. ပါးပါးလှီးထားသော ကြက်သွန်ပင် – ထမင်းစားဇွန်း ၁ ဇွန်း
4. ဆား – လက်ဖက်ရည်ဇွန်း ၇ ပုံ ၁ ပုံခန့်
5. ဆီ – ထမင်းစားဇွန်း ၂ ဇွန်း

အတော်လေး ပူအောင် အပူပေးထားသော ဆီ ကို ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်ပင် နှင့် ဆား ထည့် ထားသည့် ခွက်ထဲလောင်းထည့်ကာ မွှေရောလိုက် လျှင် dipping sauce 1 ကို ရပါပြီ။

***...dipping sauce 2 အတွက် လိုအပ်တာလေးတွေ…

1. ထောင်းထားသော ဂျင်း – ထမင်းစားဇွန်း ၁ ဇွန်း
2. ထောင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်း
3. ထောင်းထားသော နံနံပင် – ထမင်းစားဇွန်း ၁ ဇွန်း
4. ထောင်းထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း တစ်ဝက်
5. သံပုရာရည် – ထမင်းစားဇွန်း ၂ ဇွန်း
6. ပဲငံပြာရည်အကျဲ (light soy sauce) – ထမင်းစားဇွန်း ၂ ဇွန်း
7. ပျားရည် – ထမင်းစားဇွန်း တစ်ဝက် (မရှိလျှင် သကြား (သို့) ထန်းလျက် ထည့်ပါ။)

ပါဝင်ပစ္စည်း အားလုံးကို ရေဖျော်လိုက်လျှင် dipping sauce 2 ကို ရပါပြီ။

ဝက်နံရိုးကြံမဆိုင်

နံရိုးကြံမဆိုင်

 
ဝက်နံရိုး ကို ဟင်းအဖြစ်နဲ့ ချက်စားကြသလို အရည်သောက်စမ်း အဖြစ် ကြံမဆိုင်၊ ကုလားပဲ၊ ဗူးသီး တို့နဲ့ အမျိုးမျိုး ချက်သောက်ကြပါတယ်။ ဝက်နံရိုးလို အရိုးမျိုးကို အရည်သောက်အဖြစ် ချက်တဲ့အခါ မချက်တတ်ရင် ညှီပါတယ်။ အဲဒီ အညှီနံ့က သောက်တဲ့အခါ အလွန် ကသိကအောက်ဖြစ်စေပါတယ်ရှင်။ ကျမ ကအတော်ကို ဟင်းကို ကညာစစ်ကာ စား သောသူမို့ညှီနံ့အလွန် ကြောက်ပါတယ်။ ဝက်နံရိုးကို အနံ့ပျောက်အောင် တော်တော် လုံးပြီးမှ ချက်ပါက အနံ့ မရှိတော့တဲ့ အပြင် ပိုတောင်မွှေးပါတယ်နော်။ ကုလားပဲ၊ ဗူးသီးတို့ကို လဲ ကြံမဆိုင်အစားထိုး ပြီးဒီနည်းအတိုင်း ချက်နိုင်ပါတယ်ရှင်။ 
ပါဝင်ပစ္စည်းများ 
-ဝက်နံ ရိုး ၅၀၀ ဂရမ် 
-ကြံမဆိုင် ၇၀၀ ဂရမ် ( sour musturb leaves ) 
-ငရုတ်သီးနီ ၁ တောင့် 
-ကြက်သွန်နီ အသေး ၁လုံး 
-ကြက်သွန်ဖြူ ၃မွှာ 
-ကြာညို့(သို့) ပဲငံပြာရည် ၁ဇွန်း (စားပွဲတင်) 
-ငရုတ်ကောင်း ၁ဇွန်း (အချိုဇွန်း) 
-ဂျင်းထောင်းပြီးသား ၁ဇွန်း (အချိုဇွန်း) 
-ကြက်သားမှုန့် ၂ဇွန်း(အချိုဇွန်း) 
-ဆား ၁ဇွန်း(အချိုဇွန်း) 
ဝက်နံ ရိုးများကို သန့်စင်ပြီး ဆား၊ ဂျင်း၊ ငရုတ်ကောင်း၊ ပဲငံပြာရည်တို့ဖြင့် နယ်ထားပါ။ 
ကြက်သွန်နီ ကို နုတ်နုတ် စင်းထားပြီး အဖြူကို ဓားပြားရိုက်ကာ ဓားနုတ်ပေါက်ထားပါ။ ဆီမ ထဲ့ပဲ လုံးပါမယ်နော်။ 
ဝက်သားဆိုတာတော့ ဘယ်နားဖြစ်ဖြစ် အဆီလေးတော့ ရှိတယ်။ သူဆီနဲ့ သူ့ပြန်လုံးလိုက်တာပေါ့။ 
ကြက်သွန်များကို ဝက်နံ ရိုးနဲ့ ကြာကြာလုံးတဲ့အခါ အိုးထဲက ဝက်နံ ရိုးလေးတွေ ဖြူလာပြီး မွှေးလာပါမယ်။ ကြာညို့၊ ငရုတ်ကောင်း၊ ဂျင်း၊ ကြက်သွန်ဖြူ တို့ရဲ့ အစွမ်းနဲ့ ဝက်ရိုး ညှီနံ့လေး က ဒီအချိန်မှာ ပျောက်ပြီး အမွှေနံ့ဖက်ပါသွားပါပြီ။ အဲဒီအချိန်မှာ ငရုတ်သီး နီလေးတွေ ပါးပါးလှီးထားတာကို ထဲ့ပေးလိုက်ပါ။ ဒီ အချိန်မှာ ကျမ အလွန်နှစ်သက်တဲ့ ငရုတ်သီး နံ့မွှေးမွှေးလေးပါ ရလာပါပြီ။ ဝက်ရိုး အနံ့သတ်ခြင်း ကိစ္စ ဒီနေရာမှာပြီးဆုံးပါတယ်ရှင်။ 
ရေကို အရိုးမြုပ်ထဲ့ပါမယ်။ အသားမှုန့်ထဲ့ပါမယ်။ ဝက်နံ ရိုး နူးပြီဆိုရင် ကြံမဆိုင် လှီးဖြတ်ထားတာလေးများကို ထဲ့ကာ ရေကို ၁ လီတာ ခန့်ထပ်ဖြည့်ပေးပါ။ တော်တော်လေးပွက်လာတဲ့ အခါ အရသာ အပေါ့အငံ မြည်းပြီး ပူပူလေးသုံးဆောင်နိုင်ပါပြီ။ 
( ကုလားပဲနဲ့ ချက်မယ်ဆိုရင် တည ရေစိမ်ထားပြီး တခါထဲ နံ ရိုးနဲ့ အတူလုံးချက်ပါတယ်ရှင်)

မဲသားနှပ်...

မဲသားနှပ်...

အမဲသားကို ကျမအရင်က လုံးဝမစားပေမဲ့ အိမ်ထောင် ကျပြီးချိန်မှာ အမျိုးသားက စားမှန်းကြိုက်မှန်း သိတော့ ချက်ရင်းနဲ့ စားဖြစ်သွား တာပါ။ နိုင်ငံခြားမှာနေရတဲ့ ကျမတို့လို အိမ်ထောင်ရှင် ကလေး အမေ တွေအတွက် သူ့အတွက် ကိုယ်အတွက် ရယ်လို့ ဟင်းကို အများကြီး ချက်နိုင်ရခဲ့ပါတယ်။ အချိန်ကို လုပြီးနေ ရတာမျိုးပေါ့နော်၊ ဒါတောင်ကျမက တနေ့လုံးမှာ အိမ်မှာ စားရတဲ့သူ့ထမင်းတနှပ်ကို (ကျန်တနှပ်က အလုပ်မှာ စားရတာမို့) အသားဟင်း , အရွက်ဟင်း၊ အရည်သောက် ဒီ၃မျိုးနဲ့ ငပိထောင်း (သို့) ငပိကြော် သူ့ထမင်းပွဲမှာ ပါအောင် မဖြစ်ဖြစ်အောင် ချက်ပါတယ်။ အသားကိုတော့ တခွက် ထက်ပို ချက်ဖို့ အချိန်မရတာရယ် ကျမကိုယ်တိုင်က အသီးအနှံ သိပ်မစား တာရယ်ကြောင့် သူ့ကိုချက်ပေးရင်း ကိုယ်လဲဒီဟင်းနဲ့ ဖြစ်အောင်စားလိုက်တာပါ။ အဲဒီတုန်းကဆို သားကြီးက တော်တော် ငယ်သေးပါတယ် ကျမ အမဝမ်းကွဲကလဲ သမီးမွေးပြီးမှ ကျမတို့ဆီ အတူနေဖို့ရောက်တာပါ။ ကလေး တဖက်နဲ့ ကိုယ်ခွဲမရှိ မအားခဲ့ရတဲ့ ပြိုင်စံရှားတဲ့ နိုင်ငံခြားဇာတ်လမ်း တွေပေါ့လေ။ ကျမက ဒီ မှာ ချက်တာ အိုးကြီးချက်တာမို့ အိုး နှစ်မျိုးသုံး ပါတယ်နော်။ ဒယ်ပေါ် ဆီသတ်ပြီး အသားကို မီးအေးအေးနဲ့ နှပ်မယ်ဆိုမှ ဒန်အိုးထဲပြောင်းပါတယ် အိုးမပြောင်းပဲလဲနှပ်နိုင် ပါတယ်နော်။

ပါဝင်ပစ္စည်းများ (လူ ၁၀ စာ)

-အမဲသား ၈၀ကျပ်သား ၁ကီလိုခန့်
-ရှောက်ရည် ၅ဇွန်း (စားပွဲတင်) ( ကျမက ဒီမှာ ရနိုင်တဲ့ lemon ကို သုံးပါတယ်)
-ရှောက်ရွက် ၃ရွက်ခန့်
-ကြက်သွန်နီ ၇လုံး
-ကြက်သွန်ဖြူ  ၅ မွှာ
-ချင်း (ထောင်းပြီးသား) ၂ဇွန်း (စားပွဲတင်)
-ငရုတ်သီးခြောက် ၅တောင့်
-ဆား ၄ဇွန်း (စားပွဲတင်)
-သကြား (သို့) ကြက်သားမှုန့် ၁ဇွန်း (စားပွဲတင်ဇွန်း)
-နနွမ်းမှုန့် ၃ဇွန်း (အချိုဇွန်း)
-အရောင်တင်မှုန့် ၂ဇွန်း( စားပွဲတင်)
-မဆလာ သင့်ရုံ
အရင်ဆုံး အမဲသားကို သန့်စင်ပြီး ရှောက်ရေ၊ ဆား ၁ဇွန်း ၊ နနွမ်းမှုန့်၁ဇွန်း ၊ ချင်း ၁ဇွန်းတို့ဖြင့် ဆုပ်နယ်ထားပါ။ ကြက်သွန်၊ ငရုတ်သီး၊ ကျန်ချင်းတို့ကို ရောထောင်းထားပါ။ 

ဆီပူတွင်ရှောက်ရွက်၊ ထောင်းထားသော ကြက်သွန်အရောကို အရောင်တင်၊ နနွမ်း၂ဇွန်း ထဲ့ပြီး ရွှေဝါရောင် သန်းသည်အထိ ကြော်ပါ။ 

ပြီးမှ အမဲသားထဲပြီး နာနာ လုံးပေးပါ။ ဆား၊ သကြားထဲ့ပါ။ အသားများအရောင ပြောင်း `လာရင်ရေ အနဲငယ်စီ ထဲ့ပြီး မီးအေးအေးဖြင့် နှပ်ထားပါ။ 

အသားများနူးလာရင် ဆီပြန်လာရင် မဆလာ ခတ်ပြီး အရသာရှိသော အမဲသားနှပ်ဟင်း တည်ခင်းရန် အဆင်သင့်ဖြစ်ပါပြီ။ 

ပုံးရည်ကြီး ဝက်သုံးထပ်သား ဆီပြန်

ကီး ဝက်သုံးထပ်သား ဆီပြန်

Saturday, August 23, 2014
***... ပုံးရည်ကြီး ဝက်သုံးထပ်သား ဆီပြန် အတွက် လိုအပ်တာလေးတွေ….

1. ဝက်သုံးထပ်သား – ၁ ကီလို (၆၅ ကျပ်သား)ခန့်
2. အတုံးကြီးကြီး လှီးထားသော ကြက်သွန်နီ အရွယ်လတ် – ၂ လုံးခွဲ
3. အရသာမှုန့် (chicken powder) – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
4. အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
5. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
6. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
7. သကြား – ထမင်းစားဇွန်း ၁ ဇွန်း
8. ပဲငံပြာရည်အကျဲ – 1/2 cup (120 ml)
9. ဆီ – 3/4 cup (180 ml)
10. ပုန်းရည်ကြီး အစို အထုပ်သေး – ၁၀ ထုပ် (ထမင်းစားဇွန်း ၁၅ ဇွန်းခန့်)

ပုန်းရည်ကြီးမှ လွဲ၍ ကျန်ပါဝင်ပစ္စည်းအားလုံးကို အိုးတစ်လုံးထဲ ထည့်ကာ ဖိနယ်ပြီး ၁၀ မိနစ်ခန့် လုံး(မွှေကြော်)ထားပါ။

ထို့နောက် ရေနွေး (1000 ml) ထည့်ကာ အိုးအဖုံး ဖုံးပြီး medium heat နှင့် ၄၅ မိနစ်ခန့်် တည်ထားပါ။

ပြီးလျှင် ထိုအိုးထဲသို့ ပုန်းရည်ကြီးများကို ရေ (250 ml) နှင့် ဖျော်ကာ ထည့်ပြီး အိုးအဖုံးဖုံး၍ medium heat ဖြင့် ဆက်တည်ထားပါ။ (ပုန်းရည်ကြီးထည့်ပြီးလျှင် အိုးကပ်တတ်သောကြောင့် မကြာခဏမွှေပေး ပါ။)

အသားများနူးကာ၊ ပုန်းရည်ကြီးအနှစ်ရည် အပျစ်အကျဲ ကိုယ်ကြိုက်သောအနေအထားရလျှင် မီးဖိုပေါ်မှ အိုးကိုချကာ ငါးကြင်း ကြက်သွန်ဖြူကြော် ကြွပ်ကြွပ်လေး၊ မျှစ် ပုဇွန်ဆိတ်ကြော် စပ်စပ်လေး၊ ဝက်ရိုး မုန်ညင်းဟင်းရည် ချိုချိုလေး၊သရက်သီးစိမ်းသုပ် ချဉ်စပ်လေး တို့ဖြင့်တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

ပဲငပိချက်

ပဲငပိချက်

Wednesday, September 10, 2014


***... ဝက်သား ပဲငပိချက် အတွက် လိုအပ်တာလေးတွေ…

1. ဝက်သုံးထပ်သား – ၁ ကီလို (၆၅ ကျပ်သား)
2. အတုံးကြီးကြီး လှီးထားသော ကြက်သွန်နီ – 1 cup (250 ml) ခန့်
3. ဓါးပြား ရိုက်ထားသော ကြက်သွန်ဖြူ  အတက်ကြီး – ၁၀ တက်
4. Brown sugar – ထမင်းစားဇွန်း ၁ ဇွန်း (1 tbsp)
5. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ( 1 tsp)
6. Chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ( 1 tsp)
7. ပဲငံပြာရည်အပျစ် (dark soy sauce) – 1/4 cup (60 ml)
8. ဆီ – 1/4 cup (60 ml)
9. Broad beans paste(ပဲငပိ) – ထမင်းစားဇွန်း ၅ ဇွန်း (5 tbsp)

ပဲငပိမှလွဲ၍ ပါဝင်ပစ္စည်း အားလုံးကို နယ်ကာ ၁၅ မိနစ်ခန့် နှပ်ထားပါ။ (ပဲငပိတွင် အရသာပါပြီး သားဖြစ်၍ ဆား နှင့် chicken powder ကို လိုအပ်မှ ပိုထည့်ပေးပါ။)

ပြီးလျှင် ကြက်သွန်များနွမ်းပြီး၊ အသားထဲမှ အရည်များခြောက်သွားအောင် High Heat ဖြင့် မွှေကြော် (လုံး) ပေးပါ။

အရည်များခြောက်သွားလျှင် ရေနွေး 750 ml ခန့် ထည့်ကာ အဖုံး ဖုံးပြီး medium heat ဖြင့် တည်ထားပါ။

အရည်အတော်လေးခမ်းကာ အသားနူးခါနီးလျှင် ပဲငပိ ကို ထည့်၍ အဖုံး ထပ်ဖုံးပြီး low heat ဖြင့် တည်ထားပါ။

အသားများနူးအိကာ ဆီပြန်လာလျှင် အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Power of God's Word


Psalm 91:2
I will say of the Lord, “He is my refuge and my fortress; my God, in Him I will trust.”

Declare God's Word Over Your Situation

When a great storm arose as Jesus and His disciples were in a boat on the Sea of Galilee, He did not say to His disciples, “The storm is here to teach us courage.” Instead, He took authority over the storm and said, “Peace, be still!” And there was a perfect calm. (Mark 4:39)
When He met the widow of Nain whose only son had died, and on another occasion, the two sisters whose brother Lazarus had died, He didn’t tell them, “God wanted to take him home.” No, He spoke to the dead son: “Young man, I say to you, arise.” (Luke 7:14) And standing outside Lazarus’ tomb, He said, “Lazarus, come forth!” (John 11:43) And both men came back to life.
What have you been saying about your situation?
When you feel the pain in your body, don’t say of the Lord, “God wants me sick to teach me to trust Him more.” Instead, say, “Lord Jesus, I thank You that by Your stripes I am healed.” (1 Peter 2:24)
And while trying to make ends meet, don’t say of the Lord, “The Lord keeps me poor to keep me humble.” Instead, say, “The Lord is my shepherd; I shall not want.” (Psalm 23:1)
We are living in the last days when there are terrorist attacks and deadly viruses lurking around, and the world is afraid. But we will not speak negative words and be fearful like the people of the world. Instead, we will speak God’s Word and reign over these things. Like the psalmist, we will say of the Lord, “He is my refuge and my fortress; my God, in Him I will trust.”
So find out what God’s Word says about your situation, believe it and declare it. And because God’s Word cannot return to Him void (Isaiah 55:11), you will see what you believe and confess come to pass!

Thought For The Day

Declare God's Word and reign over the things that the people of the world are afraid of.

Freitag, 5. September 2014

Dispensations of Time