Donnerstag, 26. Juni 2014

ထိပ်ပြောင်၊နောက်ပြောင်လို့စိတ်ညစ်နေသလား ?

             
                    ကျမ ၁၄-၁၅ နှစ်အရွယ်။ကျမရဲ့မောင်ဝမ်းကွဲတစ်ယောက် ၈-၉ နှစ်မှာဆံပင်ညှပ်ဆိုင်က အနာစက်ခေါ်တဲ့ပြည်တည်နာကူးလာပါတယ်။ (အဲ့ဒီအချိန်က တစ်ခါသုံး ဒါးတွေမပေါ်သေးပဲ သင်တုံးဒါး တစ်ချောင်း ထဲနဲ့အားလုံးကိုဆံပင်ညှပ်ပါတယ်)။ သူ့ခေါင်းတစ်ခုလုံးပြည်တည်နာတွေနဲ့ပြည့်နေလို့ရန်ကုန်ဆေးရုံကြီးအရေပြားဌာနကိုသွားပြတော့ ဦးခေါင်းအရည်ခွံခွါရမယ်လို့ပြောလိုက်တယ်လို့သိရ ပါတယ်။ တကယ်ပြောတာလား၊စလိုက်တာလားတော့မသိပါဘူး။ သူလည်းကြောက်လန့်ပြီး ဆေးရုံ မသွားတော့ပဲသူတို့မိသားစုကုနေကျ မြန်မာဆေးဆရာနဲ့ပြပါတယ်။ အဲ့ဒီဆေးဆရာရဲ့နံမည်တော့ မမှတ်မိ တော့ပါဘူး။ ဒါပေမဲ့သူ့ရဲ့ညာဘက်လက်သန်းရဲ့လက်သဲကရှည်နေတာမို့ကျမတို့က ဆရာလက်သဲလို့ အမည်ဝှက်ပေးထားပါတယ်။ (ဆရာဇီဝက အကြောင်းတွေဖတ်ရတော့မှ လက်သဲအရှည် ထားခြင်း ရဲ့ အဓိပ္ပါယ်ကိုသဘောပေါက်လာပါတယ်)။
 
 မြန်မာဆေးဆရာဆိုပေမဲ့အနောက်တိုင်းဆေးဖိုးထက်ပိုဈေးကြီးပါတယ်။ ဆေးဖေါ်ဖို့ ကျပ် ၅၀၀ ပေးရ ပါတယ် (ရွှေဈေးနှစ်ထောင် ကျပ်၊ဆေးထိုးခ ၅ ကျပ်)။ သူက ဆေးအတွက်ကိုယ်တိုင်တောထဲသွားပြီး ဆေးမြစ်တွေရှာပြီးမှ ကိုယ်တိုင်ဆေးဖေါ်တယ်လို့သိရပါတယ်။ အတိုချုံပြောရရင်သူ့ဆေးနဲ့ မောင်ဝမ်း ကွဲရဲ့ခေါင်းပေါ်က အနာစက်တွေ အားလုံးပျောက်သွားပါတယ်။ ဒါပေမဲ့အနာတွေရဲ့နေရာမှာ အနာရွတ်တွေ ဖြစ်ပြီး တစ်ခေါင်းလုံး ဆံပင် တစ်ပင်မှမရှိပဲပြောင်လက်နေပါတယ်။ အဲ့ဒါနဲသူ့ကိုပြောပြတော့ ကြက်သွန်နီ ကို ထက်ခြမ်းခြမ်းပြီး ခေါင်းကိုပွတ်ခိုင်းပါတယ်။ အံသြလောက်အောင် မကြာခင်မှာ ဆံပင်တွေ ပေါက် လာ တာ သူ့အရင်က ဆံပင်ထက်ပိုများတာကိုတွေ့ရပါတယ်။ အဲ့ဒီအကြောင်းတွေကိုယခုတိုင်မှတ်မိနေပါတယ်။ ဒါကြောင့် ထိပ်ပြောင်၊နောက်ပြောင်သူ၊ဆံပင်နည်းသူ၊ပါးသူတွေတွေ့ရင် အရမ်းပြောပြချင်ပါတယ်။ ဒါပေမဲ့
ကျမမောင်ဝမ်းကွဲရဲ့အနာရောဂါအခြေအနေကြောင့်လား။ သူများအခြေအနေနဲ့မတူမှာ စိုးပြီး မပြောဖြစ်ခဲ့ ပါဘူး။ အခု ကြက်သွန်နီအကြောင်းရှာဖတ်တော့ လက်တွေ့စမ်းသပ်မှုတစ်ခုအရ  ကြက်သွန်နီအရည် နဲ့ဦးရည်ကို တစ်ပတ်နှစ်ကြိမ် ပွတ်ပေးရာ နှစ်လတွင် ဆံပင်များပေါက်လာတာတွေ့ရတယ်လို့ဆိုပါတယ်။
ကြက်သွန်နီရဲ့အခြားသောကျန်းမာရေးအကျိုးပြုအစွမ်းသတ္တိများကိုလည်းဖေါ်ပြလိုက်ပါတယ်။
 
ကြက်သွန်နီရဲ့ကျန်းမာရေးအကျိုးပြုအစွမ်းသတ္တိတွေဟာအလွန်များလှပါတယ်။ သူ့မှာအစွမ်းထက်တဲ့ ပိုးသတ်တဲ့ဂုဏ်သတ္တိ (anti-bacterial) နဲ့ အစွမ်းထက်တဲ့ ပိုးသန့်ရှင်းစေတဲ့သတ္တိ (anti-septic) တွေရှိ တဲ့အတွက် ကြက်သွန်နီကို အသီးအနှံတို့ရဲ့ဘုရင်လို့ခေါ်ပါတယ်။
ကြက်သွန်နီနဲ့ကြက်သွန်ဖြူတို့ဟာနီးစပ်တဲ့မျိုးများဖြစ်ပါတယ်။ ကြက်သွန်နီရဲ့ အရောင်ဟာ အဖြူ၊အနီ၊အ၀ါ၊နဲ့အစိမ်းရယ်လို့ အရောင်အမျိုးမျိုးရှိပါတယ်။ အရောင်တွေကွဲပြားသလို၊အရွယ်အစားနဲ့အရသာလည်း အမျိုးမျိုးကွဲပြားပါတယ်။ ကြက်သွန်နီမှာပါဝင်တဲ့ ဆာဖါ (organic sulpha) များကြောင့် ၎င်းတို့ကိုလှီးရင် မျက်စိစပ်စေပါတယ်။ အမျိုးအစား၊လတ်ဆပ်မှု၊ရင့်မှည့်မှုအခြေအနေ (maturity) ပေါ်မူတည်ပြီး၎င်းတို့ တွင်ပါဝင်သော အာဟာရ ဓါတ်အနည်းအများကွဲပြားပါတယ်။
ကြက်သွန်နီမှာ ဗီတာမင် အေ၊ဘီ၊စီ၊ folic acid, calcium, phosphorus, magnesium, chromium, iron နှင့် fiber တွေများစွာပါဝင်ပါတယ်။
  
ခရစ်မပေါ်မှီ နှစ် လေးထောင်ကထဲက ကြက်သွန်နီကိုရောဂါအမျိုးမျိုးကုသရာတွင်အသုံးပြုခဲ့တဲ့ မှတ်တမ်းများရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းကဒါဏ်ရာရသော စစ်သားများရဲ့အနာ သက်သာ ရန်နှင့်အနာကျက်ရန်အတွက် ကြက်သွန်နီအနှစ် (onion paste) ကိုအသုံးပြုခဲ့ကြပါတယ်။              

ကြက်သွန်နီအသုံးပြုနိုင်သောရောဂါများ။                                                                                                

၁။ သွေးအားနည်းခြင်း (Anemia)- ကြက်သွန်နီမှာပါဝင်တဲ့ သံဓါတ်နဲ့ folic acid တို့ကြောင့် သွေးအားနည်းခြင်းရောဂါကိုသက်သာစေပါတယ်။
၂။ အဆီကျခြင်း (Anti-cholesterol) တစ်နေ့လျှင် အရွယ်တော်ကြက်သွန်နီ တစ်ခြမ်း စားပေး ခြင်းဖြင့် အဆီကျစေပြီး အဆီပိတ်နှလုံးရောဂါကိုကာကွယ်နိုင်ပါတယ်။
၃။ အရောင်သက်သာခြင်းသတ္တိ (anti-inflammmatory effect) ကြောင့် အဆစ်အမြစ် ရောင် ရောဂါ (arthritis) နဲ့ ဂေါက်ရောဂါ (gout) များတွင်အသုံးပြုနိုင်ပါတယ်။
၎။ ပိုးသတ်ခြင်း (anti-bacterial) ကြက်သွန်နီဟာ ရောဂါဖြစ်စေသောပိုးများ၊အထူးသဖြင့် ဆီးလမ်း ကြောင်းမှာ ရောဂါဖြစ်စေသော (E.coli) ပိုး၊ ၀မ်းလျော်၊စမ်းကိုက်ရောဂါပိုး (Salmonella) နဲ့ တီဘီပိုး (TB) တို့ကိုသတ်နိုင်စွမ်းရှိပါတယ်။
၅။ သွေးတိုးရောဂါ (Hypertension) ကြက်သွန်နီအစိမ်း(၀ါ) အကျက်စားခြင်းဖြင့် သွေးတိုး ကျစေပါတယ်။ သွေးကြဲစေပါတယ်။ သွေးကြောထဲမှသွေးခဲမှုများကိုလည်းအရည်ပျော်စေပါတယ်။
၆။ အူမကြီးကင်ဆာ (Cancer of colon) ကြက်သွန်နီသည် အူမကြီးရှိ ကျန်းမာရေး အထောက် အကူပြုပိုးမွှားများအားတိုးပွါးစေခြင်းဖြင့် အူမကြီးကင်ဆာကိုကာကွယ်နိုင်ပါသည်။
၇။ ၀မ်းချုပ်ခြင်း။ ဟင်းများတွင် ကြက်သွန်နီများစွာထည့်ချက်ခြင်းဖြင့် ၀မ်းချုပ်ခြင်းနှင့် လေလည်ခြင်း ကိုသက်သာစေပါတယ်။
၈။ ဆီချိုရောဂါ ( Diabetes) ကြက်သွန်နီတွင်ပါဝင်သော chromium က အင်ဆူလင် ဓါတ် ထုတ်လုပ်မှုကောင်းစေခြင်းဖြင့် ဆီချိုရောဂါ ကိုသက်သာစေပါတယ်။
၉။ နားအူခြင်း၊နားတွင်းအသံမြည်နေခြင်း။ ကြက်သွန်နီရည်ဆွပ်ထားသော ၀ါဂွမ်းကိုနားတွင်ထည့်ခြင်းဖြင့် နားအူခြင်း၊နားတွင်းအသံမြည်နေခြင်းတို့ ကိုသက်သာစေပါတယ်။
၁၀။ ဆံပင်ပေါက်ခြင်း။ ကြက်သွန်နီအရည်(၀ါ) ကြက်သွန်နီဖြင့်ဦးရည်ကို တစ်ပတ်နှစ်ကြိမ် ပွတ်ပေးပါက နှစ်လတွင် ဆံပင်ပေါက်စေတယ်လို့ဆိုပါတယ်။
၁၁။ အရိုးပါးရောဂါ (osteoporosis) ကြက်သွန်နီသည် အရိုးပါးရောဂါကိုလည်း သက်သာ စေပါတယ်။
၁၂။ အအေးမိခြင်း၊ချွဲကပ်ခြင်း။ ကြက်သွန်နီသည်ခုခံအားကိုလည်းကောင်းမွန်စေပါတယ်။ ကြက်သွန်နီရည်နှင့်ပျားရည်ဆတူရောပြီးတစ်နေ့လျှင် လ္ဘက်ရည်ဇွန်းဖြင့် ၃-၄ကြိမ်သောက် ပါက ချွဲများအရည်ပျော်စေပြီး အအေးမိချောင်းဆိုးခြင်း ကိုပျောက်ကင်းစေပါတယ်။
၁၃။ ကြက်သွန်နီကိုရေဖြင့် ရေထက်ဝက်ခမ်းသည်အထိပြုပ်ပြီးနောက် ၎င်းပြုပ်ရည်သောက်ပေး ပါက ဆီပူခြင်းကိုပျောက်ကင်းစေပါတယ်။
၁၄။ ကာမအားသန်စွမ်းခြင်း။ ကြက်သွန်နီအဖြူမျိုးသည်အခြားမျိုးများထက် ကာမအား သန်စွမ်း ခြင်း သတ္တိပိုကောင်းပါတယ်။
 သတိထားရန်အချက်များ။

ကြက်သွန်နီကိုလေသလပ်သည့် အခန်းအပူချိန်၊နေရောင်တိုက်ရိုက်မရသောနေရာတွင် သိမ်းဆည်း နိုင် ပါတယ်။ အာလူးများနဲ့အတူတူထားပါကအာလူးမှအဆိုဓါတ်နဲ့ ethylene ဓါတ်ကြောင့်ကြက်သွန် နီများ ပုပ်လွယ်ပါတယ်။ လှီးထားသောကြက်သွန်နီများအားလေလုံသောနေရာတွင် ၁-၂ ရက်ခန့်သိမ်ထား နိုင် ပါတယ်။ ကြက်သွန်နီလှီးစဉ်မျက်စီမစပ်အောင်ကြက်သွန်နီများကိုမလှီးခင်တစ်နာရီအအေးခံထားခြင်း(၀ါ) ရေတွင် စိမ်ပြီးအခွံနွှာခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။

ကျမ်းကိုး။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ရှောင်ကြဉ်ရမယ့် အချက်များ


မေသော် on 2014-05-06 18:43

ကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တယ်၊ GYM ဆော့တယ်ဆိုပါစို့။ အဲ့ဒီလို လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ ဘယ်လိုအရာမျိုးတွေ လုပ်သင့်တယ်၊ ရှောင်သင့်တယ်ဆိုတာမျိုးကို သိထားမှသာ ကိုယ်လုပ် လိုက်တဲ့ လေ့ကျင့်ခန်းရဲ့ အကျိုးသက်ရောက်မှုကို ခံစားရမှာပါ။ ဒါ့ကြောင့် လေ့ကျင့်ခန်း လုပ်ပြီးတိုင်း ဘယ်လိုအရာတွေ သတိထားရမယ်ဆိုတာ ပြောပြပေးလိုက်ပါတယ်။

၁။လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်ပြီးချိန်မှာ တန်းပြီး ရပ်လိုက်တာမျိုးမလုပ်ပါနဲ့။

လေ့ကျင့်ခန်းလုပ်ထားတာကြောင့် မြန်နေတဲ့ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ဟာ ချက်ချင်းကြီး ပြောင်းလဲသွား တာမျိုး မဖြစ်အောင် အနည်းဆုံး အေရိုးဗစ်လေးကပြီး အဆုံးသတ်ပေးတာတို့၊ ဒါမှမဟုတ်လည်း treatmill ပေါ်မှာ လမ်းလျှောက်ပေးတာလောက် လုပ်ပြီးမှသာ လေ့ကျင့်ခန်းကို အဆုံးသတ်လိုက်ပါ။



၂။အကြောလျှော့ဖို့လည်း မမေ့ပါနဲ့။

လေ့ကျင့်ခန်းလုပ်ပြီးတိုင်း အကြောပြန်လျှော့ပါ။ မလုပ်ခင်လျှော့ထားရင်တောင် လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အကြောပြန်လျှော့ဖို့ လိုကိုလိုပါတယ်။



၃။လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အစားစားပေးဖို့ လိုပါတယ်။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးမထွက်ခင် လောင်စာတစ်ခုအနေနဲ့ အစာစားဖို့ လိုတယ်ဆိုတာ အားလုံး သိထားပြီးသားပါ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမှာလည်း ကြွက်သားတွေ သာမာန်စေဖို့အတွက် ပရိုတင်းဓာတ်ပြည့်ဝတဲ့ အစာတွေ စားပေးပါ။



၎။လေ့ကျင့်ခန်းလုပ်တုန်းက ၀တ်ထားတဲ့ အင်္ကျံတွေကို လေ့ကျင့်ခန်းပြီးတာနဲ့ ချွတ်လဲပါ။

ချွေးတွေစိုနေတဲ့ အ၀တ်အစားတွေဟာ ကိုယ့်ကိုရောဂါပိုးတွေ လွယ်လွယ်ကပ်စေနိုင်တာကြောင့် လေ့ကျင့် ခန်းလုပ်ပြီးတာနဲ့ လဲပစ်လိုက်ဖို့ လိုပါတယ်။



၅။လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ရေချိုးဖို့လိုအပ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ချွေးတွေ၊ ချွေးနံ့တွေဟာ ဘက်တီးရီးယားတွေကို ဖိတ်ခေါ်နေတဲ့ အရာတွေဖြစ် တာကြောင့် ရေချိုးပစ်လိုက်တာ အကောင်းဆုံးပါပဲ။



၆။လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ သောက်စားတာမျိုးတွေ မလုပ်ပါနဲ့။

လေ့ကျင့်ခန်းတော့ လုပ်ပါရဲ့။ ပြီးတာနဲ့ ဘားတွေသွား၊ အရက်ဆိုင်ရောက်သွားတယ် ဆိုရင်တော့ ကောင်း ကျိုးထက်၊ ဆိုးကျိုးကိုသာ ပိုခံစားရမယ်ဆိုတာ မမေ့ပါနဲ့။



၇။အိပ်ရေး၀၀ အိပ်ပါ။

အိပ်ချိန်ကို ဘယ်အချိန်ဆိုပြီး သတ်မှတ်အိပ်ပါ။ အိပ်ရေးမ၀တဲ့သူဟာ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့လည်း မလွယ်ကူတာကြောင့်ပါ။



Ref:womenshealthmag.com
Trend Myanmar

နာနတ်သီးဖြင့် အသားအရေလှပအောင် ကာကွယ်မယ်

  


နာနတ်သီး က လူသားတို့ ကျန်းမာရေးကို အထောက်အကူ ပြုပေးနိုင် ရုံသာမက၊ ပျိုမေတို့  အသားအရေ ကျန်းမာ လှပရေးအတွက်ပါ အောက်ပါ နည်းလမ်း (၂)သွယ် တို့ ဖြင့် ကောင်းကျိုးပြုပေးနိုင် ပါသည်။

(၁) နာနတ်သီးဖြင့် အသားအရေ တွဲခြင်း/တွန့်ခြင်း ကာကွယ်နည်း။

နာနတ်သီးနှင့် သံလွင်ဆီတို့ သည် *နေနှင်လ၊ ရွှေနှင့်မြ* ကဲ့သို့  အသားအရေအတွက် လွန်စွာ လိုက် ဖက် ညီသော စုံတွဲဖြစ်ပါသည်။ ဤနည်းက မျက်နှာ နှင့် လည်ပင်းတစ်ဝိုက် အရေပြားတွန့်ခြင်းအတွက် ကောင်းစွာထိရောက်မှု ရှိစေပါသည်။ ထိုသို့ ပြုလုပ်ရန်အတွက် လတ်ဆတ်သော နာနတ်သီးသတ္တုရည် တစ်ခွက်၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁-ဇွန်း နှင့် နှင်းဆီရည် (ခေါ်) Rose Water စားပွဲတင်ဇွန်း ၁-ဇွန်း တို့ လိုအပ် ပါမည်။ ရှေးဦးစွာ နာနတ် နှင့် နှင်းဆီရည်တို့ ကို သမေ အာင်ရောမွှေထားပါ။ မလိမ်းကျံခင် မျက်နှာ နှင့် လည်ပင်းတို့ ကို သန့်စင်ဆေး ကြောပေးရပါမည်။ (မျက်နှာကို နို့ ဖြင့် ဆေးကြောပေးနိုင်ပါ က အာနိသင် ပိုထူးပါလိမ့်မည်။) ဆေးကြောပြီးပါက သံလွင်ဆီဖြင့် မျက်နှာ နှင့် လည်ပင်းအနှံ့ ညင်သာ စွာ လိမ်းပေးရပါမည်။ အရေပြားကနေ အဆီကို ကောင်းစွာ စုပ်ယူနိုင်စေရန်အတွက် စက်ဝိုင်းပုံစံ နှိပ် နယ်ပေး ရမှာဖြစ်ပါသည်။ အထူးသဖြင့် မျက်နှာကို လိမ်းသောအခါတွင် အရေပြား မတွဲစေရန်အတွက် လက်ဖဝါးဖြင့် အပေါ်ဘက်သို့  ပင့်တင်ပေးရပါမည်။ ထို နော့က် နာနတ် နှင့် နှင်းဆီရည် အရောအနှော တို့ ဖြင့် လိမ်းကျံပေးရပါမည်။ မိနစ် ၂၀ ခန့် အကြာတွင် မျက်နှာကို ရေသန့်  အေးအေးဖြင့် သစ်ပေးပါ။ ထိုနည်းအတိုင်း တစ်ပတ်တစ်ခါ လိမ်းပေးခြင်းဖြင့် အသားအရေ တွဲခြင်း/တွန့်ခြင်းကို ကောင်းစွာ ထိန်း ချုပ်နိုင်ပါသည်။ (နှင်းဆီရည် (ခေါ်) Rose Water ကို အလှကုန်ဆိုင်များမှာ အလွယ်တကူ ၀ယ်ယူ ရရှိနိုင် ပါသည်)

(၂)နာနတ်သီးဖြင့် ပေါင်းတင်နည်း။

နာနတ်သီးဖြင့် မျက်နှာပေါင်းတင်ပေးခြင်းက၊ ပျက်စီးနေသော ဆဲလ်များကိုအမြန်ဆုံး ပြည် လည်ဖြည့် တင်းပေးပြီး အသားအရေနူးညံ့ စိုပြေ၀င်းလက် လာပါလိမ့်မည်။ နာနတ်သီးဖျော်ရည် စားပွဲတင်ဇွန်း ၁-ဇွန်း (သို့မဟုတ်) နာနတ်သီးမှည့်မှည့် တစ်စိတ် လိုအပ်ပါသည်။ အရည်ဆိုလျှင် မျက်နှာကို လိမ်းကျံပြီး၊ အစိတ်ဆိုပါက မျက်နှာပေါ်အသာအယာပွတ်သပ် နှိပ်နယ်ပေးရပါမည်။ ၁၀-မိနစ်ခန့် ကြာသော အခါမှာ ရေသန့် အေးအေးဖြင့် သန့် စင်ပေးရပါမည်။(နာနတ်သီး၏ သဘောသည် စေးကပ်တတ်သည်မို့ ရေဖြင့် သေသေချာချာ ဆေးကြောပေးဖို့ လိုပါမည်)။ ဤ နည်း အတိုင်း တစ်ပတ်တစ်ကြိမ်သာ ပြုလုပ်ပေးရုံ ဖြင့် လုံလောက်ပါသည်။ အကယ်၍ ခန္ဓာ ကိုယ် ရှိ လက်မောင်း၊ ခြေထောက်၊ ခြေသလုံး၊ နောက်ကျောဘက် နှင့် ဝမ်းဗိုက်သားနေရာတို့ကို ပေါင်းတင်လိုပါက၊ နာနတ်သီးဖျော်ရည် စားပွဲတင်ဇွန်း ၁-ဇွန်း (သို့မဟုတ်) နာနတ်သီးမှည့်မှည့် တစ်စိတ်တို့ အပြင် နွားနို့ ဖန်ခွက်တစ်ဝက်ခန့်၊ ကြက်ဥ တစ်လုံး၊ သံပရာရည်/နနွင်းမှုန့်/ဂျုံမှုန့်အနည်းငယ်တို့ ရောစပ်ပေးပြီးမှ လိမ်းကျံပေးရပါမည်။ မိနစ် ၂၀ ခန့် ကြာသောအခါတွင် ရေနွေး နွေးဖြင့် ပြန်လည် ဆေးကြောပေးခြင်းဖြင့် အသားအရည်နူးညံ့ ချောမွေ့ လာပါလိမ့်မည် 
(အထက်ပါနည်းများအတိုင်း နာနတ်သီးအစား သင်္ဘောသီးကိုလည်း အသုံးပြုနိုင်ပါသည်)


(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)
မှီငြမ်း (Health benefits of Pineapples)

ျေေဆးဆေးဘက်ဝင် ပင်စိမ်း။

 
 
 
တစ်နေ့ပန်းသီးတစ်လုံး = ဆရာဝန်မလို။                                                                             

နေ့တိုင်း ပင်စိမ်းရွက် =ကင်ဆာရောဂါမဖြစ်။                                                                                                   

တစ်နေ့ သံပုရာသီးတစ်လုံး = အဆီမရှိ။                                                                          

တစ်နေ့နို့တစ်ခွက် = အရိုးပြဿနာမရှိ။                                                                            

တစ်နေ့ရေ ၃ လီတာ = ရောဂါမရှိ။
Tulsi ဟာပင်စိမ်းမျိုး ဖြစ်ပါတယ်။ သဘာဝအလျောက်ပေါက်သော်လည်း ၎င်းကို ဟင်းခတ် အမွှေးအကြိုင်၊ ဘာသာရေးနှင့်ဆေးဝါး အတွက်စိုက်ပျိုးကြပါတယ်။ ဟိန္ဒူဘာသာဝင်များ Tulsi အပင်နှင့် အရွက်ကို ရှစ်ခိုး ပူဇော်ကြပါ တယ်။

         ခေတ်မှီလေ့လာမှုများက ၎င်းသည် အနာသက်သာစေခြင်း၊ အသက်အရွက်ကြီးသူတို့ တွင် ဖြစ်သောဆီချိုရောဂါကိုသက်သာစေခြင်း၊ သွေးတွင်းအဆီလျော့ကျစေခြင်း၊ ဓါတ်ရောင်ခြည်၏ ဆိုးကျိုး များမှကာကွယ်ခြင်း၊အတွင်းတိမ်ဖြစ်ပွါးမှုကိုကာကွယ်ခြင်း၊ ရောဂါပိုး (bacteria) များသေစေနိုင် ခြင်း၊ ကိုယ်ခံအားမြှင့်တင်ခြင်း စသည့်အစွမ်းများရှိတာကိုတွေ့ရှိကြပါတယ်။ ၎င်းရဲ့ ကင်ဆာကာကွယ်နိုင်မှုကို တော့ ဆက်လက် စမ်းသပ်ရအုံးမှာဖြစ်ပါတယ်။

၎င်းကိုဟိန္ဒူဆေးများတွင်နှစ်ပေါင်းထောင်ချီ၍သုံးဆွဲခဲ့ကြပါတယ်။ ၎င်းသည် ကိုယ်ခန္ဓာရှိ လုပ်ငန်းဆောင်တာများ ဟန်ချက်ကျကျလုပ်ဆောင်နိုင်ရန် ညှိနှိုင်းပေးခြင်းနှင့် စိတ်ဖိစီးမှု (stress) များ ကိုကိုင်တွယ်ဖြေရှင်းရာ၌လည်းပါဝင်လုပ်ဆောင်သည်ဟုယူဆကြပါတယ်။ ၎င်းကို အအေးမိခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာအိမ်ရောဂါ၊ နှလုံးရောဂါ၊အဆိပ်မိခြင်း၊ငှက်ဖျားရောဂါနှင့် ရောင်ရမ်းရောဂါ (inflammation) များမှာအသုံးပြုကြပါတယ်။

၎င်းကို ရေနွေးတွင်ခတ်၍ လက်ဘက်ရည်ကြမ်းကဲ့သို့သောက်ခြင်း၊ အရွက်များစားခြင်း၊ ထောပတ်ဖြင့်ရော်နှော်သုံးဆောင်ခြင်း၊ အဆီအဖြစ်ဖြင့်ဆေးများတွင်နှင့် အလှဆီများတွင် အသုံးပြုကြ ပါတယ်။ အရွက်ခြောက်ကို စပါးစသည့် အစေ့အဆန်များနှင့်ရော်လျက်ပိုးကောင် (insect repel) များ မလာအောင်အသုံးပြုကြပါတယ်။

င်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင် ပိုမိုပေါက်တတ် ကြသည်။ မျိုးစေ့မှတဆင့် အပင်စိုက်ရန် လွယ်ကူသောအပင် ဖြစ်သည်။ မြေသြဇာ အထူးမလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ရယူနိုင်၏။ နောက် ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ်သည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။

ပင်စိမ်းပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့်အထိရှိ၏။ အရွက်မှာ သေးပြီး စိမ်းလျက် နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူကလေးများပွင့်တတ်ကာ ရနံ့အလွန်မွှေး သဖြင့် ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုကြသည်။ အပွင့်များ အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင် အမွေးနုကလေးများရှိသည်။ တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။ အရသာမှာ ပူစပ်သော အရသာဖြစ်ကာ ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင်ပင်ဟူ၍ ပင်စိမ်းအမျိုးမျိုးရှိကြသည်။

မြန်မာဆေးကျမ်း အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊ လေကိုသက်စေပြီး သွေးကို တက်စေနိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊ ပိုးနာ၊ ထိုးကျင်သောအနာကို ပယ်နိုင်၏။

အစာကြေခြင်း၊ ခံတွင်းကောင်းခြင်း၊ အနံ့ကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိ စေသည်။ လူကို အကျိုးပွားစေသည်။

ပင်စိမ်းရွက် ပင်စိမ်းစေ့များကို မြန်မာ့ဆေးဝါးအဖြစ် အသုံးပြုပုံများမှာ -

(၁) နားကိုက်=ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက်ကျအောင် ညှစ်ထည့် ပေးပါ။
(၂) သွားကိုက်=ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများ လုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။

(၃) ကလေး ကျောပူ ခေါင်းပူ=ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်း ငယ်ဖြင့် ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)

(၄) ခေါင်းတခြမ်းကိုက်=ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကို ယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။

(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ=နှမ်းစေ့နှင့် ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။ ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါ များ ပျောက်၏။

(၆) သားသမီး ဝေးလိုသော်=ပင်စိမ်းရွက် လက်တဆုပ် ပြုတ်ရည်တပန်းကန်ကို ဥတုသွေး လာပြီးသည့် နောက် သုံးရက်ဆက်တိုက် သောက်ပေးပါ။

(၇) အဖျားနာတာရှည်=နံနက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းတဇွန်းခန့် သောက်ပေးပါ၊ အဖျားကျသွားပါမည်။

(၈) ငှက်ဖျား=ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ်ကောင်းစေ့အနက် သုံးစေ့၊ တပတ်လျှင် နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။

(၉) ပွေးနာ၊ အရေပြား ယားနာ=ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ။ အုံပေးပါ။

(၁၀)အစာမကြေ၊ ဝမ်းကိုက်=ပင်စိမ်းရွက်ပြုတ်ရည်ကို သောက်ပေးပါ။

(၁၁)လည်ချောင်းနာ၊ အသံဝင်=ပင်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။

(၁၂)အိုင်းအနာ၊ အဖုအနာ=ပင်စိမ်းရွက်ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများအပေါ် ဖန်ရည်ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက်ခြောက်မှုန့်ကို ဖြူးပေးပါ။

(၁၃)အရေပြားအနာများ=(အရေပြားရောဂါဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ(၁၅)ကျပ်သား ရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည်အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။ ယင်းဆီသည် ရေနွေးအကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက်ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါက နှာစေး အအေးမိ ချောင်းဆိုးရောဂါများကိုပင် ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ခြင်များ မကိုက်ပါ။

(၁၄)ဗိုက်ကြောပြတ်=(ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်းရွက်ခြောက် မှုန့် ဖြူးပြီး ပွတ်သပ်ပေးပါ။

(၁၅)ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။

(၁၆) ကလေး သန်ကျ=ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။

(၁၇)နားအူ၊ နားကိုက်၊ နားပြည်ယို=ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့်ထည့်၍ မီးဖြင့်အပူပေးပါ။ ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။

(၁၈)နှာခေါင်းနှာပိတ်၊ နှာခေါင်းအတွင်းမြှေးရောင်=ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေ အောင် အမှုန့်ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။

(၁၉)ငှက်ဖျားတုန်ချမ်း=ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင် ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး အဖျားကျသွားပါမည်။

(၂၀)ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။

(၂၁)လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး=ပင်စိမ်းပွင့် အပွင့်လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့် ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်းစေပါသည်။

(၂၂)သားသမီး ဝေးလိုသော=အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို နေ့စဉ်စားပေးပါ။ ကျန်းမာရေးကို လုံးဝမထိခိုက်စေဘဲ ပိုမို၍ သွက်လက်ထက်မြက်စေကြောင်း အိန္ဒိယဆေး သုတေသနမှ ထုတ်နုတ်ဖော်ပြ ခဲ့၏။

(၂၃)ချောင်းဆိုးပျောက်=ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူရောပြီး တနေ့သုံးကြိမ် သောက် ပေးပါ။ သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက်စေ၏။

(၂၄)အစာအိမ်အချဉ်ပေါက်လေနာ=ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်း သောက် သလို သောက်ပေးပါ၊ ကလေးများ လေထိုး၊ လေအောင့်ရောဂါပါ ပျောက်ကင်းစေနိုင်ပါသည်။

(၂၅)အအေးမိ၊ နှာစေး၊ ချောင်းဆိုး=ပင်စိမ်းရွက်အစိုကို သုံးခွက်တခွက်တင်ကျိုပြီး ပူပူလေး သောက်ပေးပါ။ တုပ်ကွေးရောဂါများကိုပင် ပျောက်ကင်းစေနိုင်ပါသည်။

(၂၆)အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ=မျောက်သားကိုကင်၍ ပင်စိမ်းနိုင်နိုင်နှင့် ကြော်စားပါ။

(၂၇)လေငန်း၊ လေဖြတ်၊ အဆစ်ရောင်=ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။

(၂၈)မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက=ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ်ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့် နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။

(၂၉) သူငယ်နာ ကျောပူခေါင်းပူ=ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ် ရော ကြိတ်၍ ကလေးကို ခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျားအထိ သပ်ချပေးပါ။

(၃၀) မီးဖွားပြီးစ အပုပ်ဆန်=ပင်စိမ်းရွက် ကြော်စားပါ။

(၃၁)ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်=ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ ကြော်စားပေးပါ။(သို့) ငါးပနော်နှင့် ကြော်စားပါ။

(၃၂)ဆီးရောဂါ=ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။

(၃၃) ကင်းမြီးကောက်ကိုက်=ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။

(၃၄)ချောင်းဆိုးနပန်းနာ=ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။

(၃၅)သလိပ်ကပ် ချွဲကျပ်=ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည်ထွက်စေရန် ကြိတ်ခြေ ညှစ်ပေးပါ။ ထွက်လာသည့် အရည်အား ရေကျက်အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။ နေ့လယ်မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။

(၃၆)ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်=ပင်စိမ်းအစေ့ကို အခြောက်လှန်းပြီး အနည်းငယ်ထောင်းပါ၊ နွားနို့ သကြားတို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမက သွေးအကျိတ်အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။

(၃၇)ဆီးအောင့်၊ အမောသက်သာ=ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည်ပြု၍ သောက်ပေးပါ။

(၃၈)မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက် ပေးပါ။

(၃၉)နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့=ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူကြိတ်၍ ပျားရည်နှင့် တေပါ။ နံနက် တလုံး၊ ညအိပ်ရာဝင်တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်းများအပြင် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက်ရောဂါများကိုပါ ပျောက် ကင်းစေပါသည်။

(၄၀)သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့်=ပင်စိမ်းရွက်ကို ငါးကျည်း ခြောက်နှင့်ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွားပြီးစ အပုပ်ဆန်တတ်သော ရောဂါများပင် ပျောက်ကင်းစေပါသည်။ အစားမှား၍ ဆေးမှား၍ အော့အန်ခြင်းများကိုပင် ပျောက်ကင်းစေ၏။

ကျမ်းကိုး။
၁။ ဆေးဖက်ဝင် ပင်စိမ်းပင် http://www.mawluu.com/2011/07/blog-post_8475.html
ကသစ်ဦး(ကျိုင်းတုံ) (သူရဇ္ဇ ၂၀၀၃-စက်တင်ဘာ)
၂။ http://en.wikipedia.org/wiki/Ocimum_tenuiflorum
၃။ Basil (ပင်စိမ်းမွှေး) http://arogyamonline.com/commodity/materials/?raw=1

Sonntag, 15. Juni 2014

Sihna Hanmual Sheol (Not Hell)

Jesuh in zong hanmual lampi tawn…1 Pet.3:18-20.
“…Mite in ama’ leitung pumpi that a, ahi zongin Pasian in kha nuntakna a pia hi. Tua kha nuntakna tawh va pai-in thongkia in a om khate kiangah thu va hilh hi. Noah in teembaw a bawl hun laitakin Pasian in lungduai takin ngak hi napi-in hih kha a nei mite pawlkhat in Pasian’ thu manglo uh hi. Teembaw sungah a om mi giat bek, tui in a suakta sak hi – being put to death in the flesh but made a live in the spirit, in which he went and proclaimed to the spirit in prison, because they formerly did not obey, when God’s patience waited in the days of Noah, while the ark was being prepared, in which a few, that is, eight persons, were brought safely through water”.


Thongkia in a om khate (spirits in prison)
Hih thu tawh kisai khiatdaan (interpretation) nam thum bang om hi. Tuate’ lakah pomzia dik pen ih gen ding hi. Hih Lai Siangtho mun ah “thongkia khate” a cih ciangin thumanglo vantung mite a cihna hi loin Noah hun lai-a thu umlo mite a vagen, a vakawk kik ahi hi. Tua mite ii khate tu-in ahih leh thong (prison/hell) sungah a om ta uh ahi hi. Thong le han kibang lo. Hell le han zong kibang lo hi. Ahi zongin hell le thong a cihnopna kibang hi. Han + mi khempeuh. Hell + thu umlote bek.


Mi bangin ong pianma Khrih’ Lungdamna Thu (Christ, “in the Spirit”- 3:18)
Noah hun lai-in Khrih in a Kha tawh Noah tungtawnin Kha Gupkhiatna thu na tangko khin zo hi napi-in tua hun lai-in Noah tungtawn in Khrih in a Kha tawh a gen gupkhiatna thu a za mite in thudon lo uh ahih manin tua mite’ khate tu-in thukhenna thuakin thong sungah a om uh ahi hi, cihna hi zaw a, Jesuh Khrih a sih khit nithum sung Noah hun ma ciangcianga misi thu umlote’ tunna hell sung tung khate kiangah va pai a cihna hi lo gige hi.
 
Tua kha nuntakna tawh va pai-in thongkia-in a om khate’ kiangah thu a va hilh hi, a cih ciangin tu laitaka hell sungah a om khate tungah a beisa hih mite a nuntak hunlai un Khrih in Noah tungtawnin thu a va hilh khitsa ahihi, a cihna hi zaw hi. Tangtawng pek panin Khrih pen kamsang, siampite’ tungtawnin na kipholaka tu-in Noah tungtawnin zong hua hunlai mite ahi, tu-in hell sungah a om khate kiangah hia hun lai-in Khrih in a kha tawh Noah tungtawnin Lungdamna thu a va gen khitsa ahihi, a ci nuam ahihna thu hih Lai Siangtho mun ii gen nop bulpi na hi gige hi.
Christ, “in the spirit” (1Pet.3:18), proclaimed the gospel “in the days of Noah” (v. 20) through Noah. The unbelievers who heard Christ’s preaching “did not obey…in the days of Noah” (v. 20) and are now suffering judgment (they are “spirits in prison,” v. 19).

Lungdamna Thu thongkiate’ tungah a va genna (Preached to the spirits in prison – 3: 19)
Hih Lai Siangtho mun pen sih nung ciangin hell sung pan Khrih ong gupkhiatna (second chance) om thei lai hi, cih thu hilh nadingin mi pawlkhat in siksan uh hi. A sihna le a thawhkik hun kikal ni thum sungin amaute’ cih bangin Jesuh pen Noah hun ma-a a si khate’ kiang hell sungah hi taleh thongkia vantung mite’ kiang hell sungah hita leh va pai lo hi. Sih nung ciangin gupna second chance om thei nawn lo hi. Sih khit ciangin Jesuh in Lungdamna thu va tangko san nawn lo zawin thu a va khen hi ta hi. A kipatcil panin a tawp dongin Jesuh kilaitaat Gupkhiatna a om tawntung khin ahi hi. Singlamteh le Thawhkikna hun ma pen ento enkhol upna hi a, tua khit bel enkik ensuk upna tawh kalsuan hun ahi hi. A upna thu tawh a kipel kuamah om thei lo hi. OT looks forward faith. NT looks back faith. It’s the same. Topa Jesuh a sih sungin misite’ kiangah lungdamna thu va tangko cih pen hih LST mun tawh kituak lo hi (Lk. 16: 26; Heb. 9: 27). Ih Lai Siangtho bulphuhna in a gennop thu bulpi pen ahih leh sih khit thu ding pen sihma thu tawh kikhen ahihna hong lak nuam lua na hi gige hi.


Lungdamna thu thongkia khate’ kiangah va tangko cih ciangin Jesuh in a Kha tawh mi bangin ahong pian ma-in, Noah tungtawnin hih thongkia khate tungah a nuntak lai un Lungdamna thu a genkhit sa (preincarnate preaching) ahi hi, cihna hi zaw hi. Hih LST mun pen Jesuh’ sihna pan thawhkik ma ciang hun (preresurrection preaching) hi taleh, Thawhkikna pan vankahna thu (postresurrection preaching) hi talehte tawh kisai lo zawin, Jesuh mi bangin ong pian ma, Thuciam Masa (OT) sung khempeuh ah Kamsangte Siampite’ (gentehna: Noah, Abraham, Moses, Samuel) tungtawnin Lungdamna thu a tangkoko khin ahihna a gen nuam, a kithei sak pha nuam ih hihi.
The section refers to preincarnate preaching (i.e., that Christ preached through Noah (cf. 2Pet. 2: 5) to Noah’s wicked contemporaries while they were still alive). He called them to repentance, but they disobeyed and are now imprisoned.


Thukhupna
Jesuh in a sih khit ciangin a mah tawh kikhai khawm a ziat lam pa’ kiangah “…Tuni in Paradise-ah kei tawh na omkhawm ding hi,” ci hi (Lk. 23: 43). Jesuh Hell sungah pai lo hi cihna kilang pah hi. Hebrew lai-in Sihna Hanmual pen “Sheol” kici hi. “Sheol” a cih ciangin Zopau iin “Hanmual” kici thei hi. A zawng, a hau, a pil, a mawl, midik, migilo hanmual (grave) ah a kibangin kizuan ciat hi. Hanmual panin lampi nih a om kik hi pan bek hi. Heaven or Hell. LST pawlkhatte’ teikhiatna sungah (gentehna: KJV-Ps.16:10; 139:8; Pro. 23:14; Jonah. 2:2; Hab.2: 5) “Sheol” pen “Hell” (Hades) cih bangin letkhiat mang khit ahih manin a taktak ciangin “hell” le “hanmual” thu kilamdanna thu kikhen khial, kitel khial sak pahpah hi. Hanmual paina pen Zomite in leisung galkap tum peuh zong ih ci thei hi. Thu ummite’ adingin hanmual pen vantungsuangdal lampi ahi hi. Thu umlo mite adingin sihna hanmual (sheol/grave) pen hell tawh a kiza kim suk pah na hi leuleu hi. Topa ahih leh bel hell sung tung lo, pai lo a, mawhneite’ tang dingin sihna a thuak bek ahi hi. Ahi zongin mikhempeuh um tawh um lo tawh sihna hanmual (sheol=the realm of the death) tawn kim ciat ding uh hi. Jesuh zong sihna hanmual tawnin leisung galkap nithum sung a tum sungin hell sung a va pai hi loin, Paradise ah om hi.


Tona (Challenge): Gennop bulpi ah, sih nung ciangin lungdamna thu tangkona om nawn lo hi. Koi LST mun ah kigen lo hi. Jesuh hell sungah pai dihdih nawn lo, sih nungah lungdamna thu tangko dihdih nawn lo hi. Sih khit ciangin gupna (second chance) om nawn lo hi ih cih ciangin bang phattuamna om hiam? Nuntak hun tom kal sungin Lungdamna thu tangko ding, up ding ih vaipuak a phatmawh mahmahna (urgency of Gospel preaching), mawhna thaanghuai lua ahih manin mawhna thu genna hangin mite kisik ding hun hoih muhsak kholhna (the seriousness of sin and chance to repentance) le sih ma-in gup ngah kiciat ding a kul mahmahna (the assurance of Salvation) thute hong kimu sak thei ahih manin hih thu gencianna in phattuamna tampi om sak hi cih tona (challenge) manpha ahi hi. Topa’ Kha Siangtho in a tel dingin hong lawng ciat ta hen!
 
Evan. Suang Dal

Freitag, 13. Juni 2014

Thukhel nono General Knowledge (Part 1)

1. Kum 1838 a France gam kidona -a Mexican General Antonio Lopez de Santa Anna nakpi takin liam a, a khe kitan hi. A khe pen gammithupi te vui bangin kiphum ngiat hi. Mexico khuapi ah Band Party tawh thupi takin a khe langkhat kivui hi.

2. Australia mi Adam Rainer mineu leh milian hikhawm hi. Kum 1920 a kum 21 a phak laiin ft.3 leh inches 10 bek pha napi khang vat in ft.7 leh inch 1 pha ziau hi. Kum 51 a phak in si in a sih laitak ft.7 leh inches 8 in sang hi.
 
3. Napoleon pen galkap hangsan leh lau neilo himahleh zawhngeu(cat) lau cihtakin lau hi.
 
4. Ziatlam khut a zangte’n a ha veilam tawh ann hai uh a, veikhawi ten taklam ha tawh ann hai uh hi.
 
5. North Vietnam President lui Ho Chi Minh nidangin London khuapi a Carlton Hotel ah annhuan te’ sawltakin awm ngei hi.
 
6. Mihing za ah 17(17%) pen veikhawi ahi uh hi.
 
7. Queen Elizabeth I pen khuta bulh nai(watch) a nei masa pen ahi hi.
 
8. King Edward VII in Sandringam a- a inn ah a hawh(leengla) peuhmah a gihna leh a sanna(weight&height) ciaptehsak hi.
 
9. China gam makai Mao Tse Tung in a ha nawt ngei vetlo hi. Sahang in zong a ha a nawt lam thei ngei keng ci mawk hi.
 
10. Walt Disney in minute 2 hal ta in a khut sil hi.
 
11. Leitunga mi hau pawla kigen Aristotle Onassis kum 23 a phak in Buenos Aires khuapi a restaurant khatah kuangsil hi bek lel hi.
 
12. Pope Benedick IX pen Pope khempeuh lak pan a naupang pen ahi hi. Kum 1032 in kum 11 bek pha pan in Pope dingin kiteel hi.
 
13. Napoleon leh Hitler ten ciltang khat bek nei mawk uh hi.
 
14. Albert Einstein in mawza bulh ngei vetlo hi.
 
15. Kum zalom 18 hunlaia Russia gam Shuya khua nupi khat in ta 69 nei hi.
 
16. Leitunga nupi leh papi naupang pen China gam mi hi in kum 9 leh kum 8 bek ahi uh hi. Kum 1910 in ta nei uh hi.
 
17. Leonardo da Vinci limsuaih Mona Lisa a lei masa pen France kumpi pa Francis I ahi hi. Kisil na khan a khai dinga alei ahi hi.
 
18. Italy mi violin tum leh laphuah siam Giuseppe Tartini la ngaih pen “The Devil’s Sonata” a music leh a aw khempeuh a mumang in mu khawl hi.
 
19. Leitungah kilemna leh muanna a awm theih nangin India mi khat Lotan Baba in kum 1993 in Bandage tawh a khuk leh kiu tuam in London khua sung tai 3 a gamla ah ki lumkhuk hi.
 
20. Manchester a siampi khat rev. Geoffrey Howard in kum 1975 in wheelbarrow sawn kawmin Sahara sehnel tai 2000 kantan hi. Ni 93 sung tak pai zen hi.
 
21. Charles Creighton leh James Hagris te nupa in kum 1930 in Model A Ford motor tawh New York pan a back in Los Angeles ciang pai uh hi. A tai sungun motor engine sisak lo uh hi. Hih khua nih kikal pen tai 2462 in kigamla hi.
 
22. Kum 1900 in Austria mi Johann Hurlinger , Vienna leh Paris kikal tai 870 a khe vantunglamah lam to in a khut bek tawh pai hi.
 
23. Antonio Gomes dos Santos zong kum 1988 in Lisbon Bazar ah tangvet lo in nai 15 sung ding hi.
 
24. Harry Stevens kum 103 a pha khat leh Thelma Lucas kum 84 a pha kum 1984 in kiteeng uh hi, upa tuak ngel uh cih ding hi.
 
25. Louis XVI leh Marie Antoinette te’ nupa in a kiteen ua kipan kum 7 dong sex zangkhawm lo uh hi.
 
26. China gamah nisim in nupa kawp 26,000 kiteeng om den dan in kituat hi.
 
27. Belgian kumpi Leopold II kum 1853 a Marie Henrietta tawh a kiteen nang uah a cina ahihmanin kikhopna ah pai thei lo hi. Ama’ tang dingin Austria kumpi pa sanggam Arch duke Charles ki ding sak hi.
 
28. France gam mi Fabien Pretou ft.6 leh inches 2 a sang in Natalie Lucius ft.3 leh inch 1 a sang kum 1990 in kiteeng uh hi. Nupa sandan kikim lo mah mah pawl hi kha unteh.
 
29. England kumpi George I in a zi Dorothea kum 30 sung jail ah khum hi. A sih ciangin lungdamna lahna in Theatre ah drama en hi.
 
30. Kum 1976 in Los Angeles khua a secretary Jannene Swift in suangtum kg 20 vala gik khat kumpi theihpihna tawh pasal dingin nei(teenpih) hi. Mopawi ah mi 20 val paikhawm thei uh hi.
 
31. Kum 1980 in Brighton khua-a Harry Bidwell, kum 101 a upa in a zi kum 65 khen vial hi. Kum 1984 in zong Wisconsin khua-a Simon Stern kum 97 mi azi Ida kum 91 in ciahsan vial hi. Zi/pasal dang a muzo lai zen tam uh maw?
 
32. America gamah a taangpi thuin nupa kawp khat pen kum 9 leh kha 4 sanga tamzaw kiteeng zo lo in kikhen pah pah uh hi.
 
33. Virginia state a park ranger Roy C. Sullivan kum 1942 leh kum 1977 kikal in kek in sagih vei deng mah leh a khepi cin khat leh a mitmul bek taan hi. Sihna dinga kilawm pan in tam veipi a sihloh khitciangin kum 1983 in a lawmngaihnu in khen ahihmanin a lungsim na lua in kiawk lum hi.
 
34. British Merchant Navy a seem Poon Lim leitung galpi nihna hunlai in a tembaw uh torpedo tawh a kikap siat khitciang tembaw kisia themah kiluai in ni 133 khitciang in kihonkhia thei pan hi.
 
35. Kum 1972 in Yugoslavia air hostess Vesna Vulovic Czechoslovakia gam tai 6 a sanna pan a vanleeng uh DC-9 kia sukin Parachute lo tawh tuak in cidam takin leilak tusuk hi.
 
36. Spain gam kumpinu Queen Juana kum 1906 a a pasal sihin a pasal luang phum ding phallo hi. A pasal luang hankuangah koih in a paina peuhah puasak kawi kawi hi.
 
37. Kum 1788 a Austria leh Turks te Karansebes a akido lai un Austria galkap ten amau pawl mi 10,000 that uh hi. Zukham lua uh ahihmanin ki haih gawp uh hi.
 
38. Kum 1836 a Mexico leh Texas galkapte’ kidona ah Mexican General pa in a galkap te sunin tawldam takin ihmu sak hi. A ihmut laitak uh Texas galkap ten tuak kha in minute 18 sungin a vek un lehheen khin man uh hi.
 
39. Leitung kidona lian lakah kum 1896 a England leh Zanzibar kidona sawtlo pen hi. Minute 38 sungin Zanzibar tembaw kap uha tui sungah tum ahihmanin kidona a tawp hi ziau hi.
 
40. Kum 1571 a Battle of Lepanto kici ah Turks leh Austria galkap te kido uh a, Turks ten thautang nein awn lo uh ahihmanin Autria galkapte lingmaw pum khawng tawh deng gawp uh hi.
 
41. Madagascar kumpinu Queen Ranavolona in ama’ khua leh tui a mumanga a muh khak peuhmah thah dingin thupia meng meng hi.
 
42. Aigupta kumpu King Menephta in Libya galkap te tawh a kido na ua gualzawhna phawk tawntung nangin Libya galkap a thahte uh a zang(penis) 1300 tak inn ah pua in ciahpih hi.
 
43. France kumpi Louis XIV a picin khit thumvei bek kisil hi. Lupna 413 nei in a vekin lumkim hi.
 
44. Kum zalom 18 na hunlai in Haiti kumpi Henry Christophe in a galkap te kawl(kham)/ken ft.200 a sang ah tuak dingin thupia hi. Kumpi pa’ thumang khempeuh kialum uh a, thumang lo khempeuh kumpipa in thah dingin thupia hi.
 
45. Kumpi Henry azi Anne Boleyn a ngawng a kitan laitak Tennis kimawl dingin paikhia hi. Hot sawm khollo hileh kilawm.
 
46. Russia kumpi Peter the Great in azi Catherine ii’ lawmngaihpa William Mons a lu tansak in kuang sungah zucil tawh diah hi. A zi uilenu ahihlam a phawk den nangin a lupna kiang dawhkan ah sawtpi tak koih hi.
 
47. Kum 1607 in Poland kumpipa Augustus II in ta 300 nei in tua lak pan azi tawh a neih khat bek ahi hi.
 
48. China kumpi Shih Hu in pawi bawl nangin a khua leh tuite gou zel hi. Nungakno te a sa limas diak hi. A ngawng tan in a sa meh dingin huan zel uh hi.
 
49. George IV in a luppih numeite a samzang khatta laksak in envelope ah thun zel hi. A sih ciangin a lupna khan ah tua envelope 7,000 om hi.
 
50. Turkey kumpi Sultan Mustapha III in ta 582 nei in a vekin pasal vive ahi uh hi.
 
51. Kumpi Genghis ii’tupa Timur the Lame in kidona ah a mi thahte’ lu Polo Ball dingin zang hi.
 
52. Russia kumpi Ivan in Moscow khuapi a St. Basil biak Inn hoihsa mah mah ahihmanin tua banga hoih akibawl kik loh nangin St. Basil Biak Inn a bawl architect nih a mit khelkhiat sak hi.
 
53. Pope Paul III in khasum a piakkhiatna a ciaptehna ah numei kizuakte min 45,000 tuang hi. Numei kizuakte khasum pia zel ahi mai tam?
 
54. Kum 1471 in Switzerland gam Bastle khua-a akpa khat a tui manin Pasian bawlzia palsat ciin court in convict hi. Ngia tuvun silh ci uh a, hallum uh hi.
 
55. US President Eisenhower in zawhngeu hua ngiat ahihmanin a gamsunga zawhngeu lut peuhmah thah dingin thupia hi.
 
56. Kum 1983 in Spain gam Seville khua ah Alsatian ui khatin nupi khat ii’ bag khai laksak(sut) ahihmanin kiman in police ten vanguk thubuai bawlsak uh hi.

57. Indiana state sung South Bend khua-ah zawng khat in za tep ahihmanin jail ah sawtpi kikhum hi.
 
58. Kum 1857 in America galkap khat in Sakol khat sex zatpih ahihmanin a nih un thah dingin thukikhen hi. A mipa taimang man ahihmanin a sakol kikhailum hi.
 
59. New Zealand court tual lopa a pet bawngpi ni nih sung Jail ah kikhum hi.
 
60. Mihing picing khat luang kihalna vaap pen Kg nih leh a lang bang pha hi.
 
61. Leitung bupah nisim in amau leh amau kithat mi 1000 bang om den hi. Monday a kithat tam pen banah khadang te sangin April kha sunga kithat tam se hi.
 
62. Amau leh amau a kithat she thum suah she khat numei hi in amau leh amau a kithah sawm she thum suah she khat pasal ahi uh hi.
 
63. Leitung bupah second khat sungin mi 3 pian beh den in mi 1.33 si zel uh hi. Second simin mi 2 bang pung den cihna hi.
 
64. Roman Emperor Claudius a siavuan pa in a luak theih nangin akmul tawh a dang a holh leh valh kha in sihlawh hi.
 
65. Nicolas Breakspear, Pope Aldrian IV pen Pope lak pan tho leeng valh khakmana si a omsun ahi hi.
 
66. Radium mukhia pa Madame Curie pen Radiation hanga si masa pen ahi hi.

67. Kum 1985 in New Orleans Lifeguard te kumkhat sunga tuikia a omloh lungdamin party uh hi. Nitak a ciah ding uh ciangin a lawm khat uh muzolo uh in tui sungah a kia na hi gige hi.
 
68. Pope John XIII mi zi khat tungah bawkkhup kha ahihmanin a pasal hehin that hi.
 
69. America gam sapel siam Marino Malerba in a sak suangtunga om Sazuk a kap leh tuksuk in amah delhlum hi.
 
70. Alexander the Great zudawn kidemna ah kihel in tamdawn lua ahihmanin sihlawh hi.
 
71. Viscount Parmerston billiard table ah nungak khat tawh sex a zat laitak un a lungtang khawlin si dih dih hi.
 
72. Pope dinga kiteel lakah Stephen II bekin Pope sem lo hi. Pope dinga a kiteelcin nitak 23rd March, 752 kum in si hi.
 
73. Pope Alexander VI in a cardinal te dawn dinga a koih tul dawn kha ahihmanin sih lawh hi.
 
74. France President Felix Faure kum 1899 in Paris khuapi ah numei kizuak khat tawh sex a zat laitak in si hi. A zang(penis) awk ahihmanin Operation theatre ah kilakhia hi.
 
75. Edward zi Queen Eleanor in a pasal tul lauhuai in tuam cih a theih tak ciangin a pasal citunga om tul tawpkhia hi. A pasal a si ding kimlai honkhia mah leh aman sihlawh hi.
 
76. Czech nupi khat Vera Czermark in a pasal omdan a cimtak luat manin amah leh amah kithah sawm hi. Prague khuapia a teenna inn that thumna pan in a tuah suk leh inn nuai lama a pasal lampai lai deng kha sukin a pasal si in amah silo hi.
 
77. Russia kumpi Csar Peter III a sihkhit kum 34 ciangin a hankuang kihong kikin, kumpi lukhu kikhusak pan hi.
 
78. Tuma kum 4000 lai pek in Egypt ten siklumsa tawh sam kiilsak uh hi.pautunthang
 
79. Kum zalom 16 na hunlai pekin Italy gam numei ten a ha uh colour tawh zem uh hi.
 
80. French Philosopher Voltaire in ciangkhut 80 nei hi.
 
81. Phillippine President Ferdinand Marcos zi Imelda Marcos in nawituam(bra) vom 500 nei in khat bang bullet proof hi deep hi. Khedap zong bulh 3000 bang nei hi.
 
82. Designer Andre Van Peir in diamond bra bawlin India sumin Rs. 43,48,70,000 man hi.
 
83. Numei a tamzaw ten a nuntak sungun muknuh(lipstick) 2.73 kg zang bei man uh hi.
 
Pau Tun Thang