လေးဖက်နာနှင့် အဆစ်မြစ်နာအတွက် သဘာဝဆေးနည်း

လေးဖက်နာ၊ အဆစ်မြစ်နာ၊ အကြောတက်၊ ခြေလက်ကိုက်ခဲ၊ ဇက်ကျောတက်ရောဂါများအတွက် လက်တွေ့ ပျောက်ကင်းစေမည့် သဘာဝဆေးနည်းလေးကို မျှဝေပေးလိုက်ပါသည်။
၁။ တောရှောက်သီး ခေါ် ရှောက်ခါးသီး (၄) လုံးခန့်ကို အလုံးလိုက်ကို ဆားဖြင့်နယ်၍ ၃ မိနစ်ခန့်ထားပြီးလျှင် ရေဆေးပါ။
၂။ အခွံနဲ့အတူ အကွင်းလိုက် ပါးပါးလှီးပါ။
၃။ နနွင်း (၁၀)သားခန့် ထည့်ပါ။
၎။ ၄င်း(၂)မျိုးကို အတူရောပြီး တောအရက်ဦးရည်နှင့်အတူ ပုလင်းထဲထည့်ကာ အခိုးလုံနေအောင် အဖုံးကို သေချာစွာ ပိတ်ထားပါ။ (ပုလင်းကို ငှက်ပျောဖူးကဲ့သို့သောပုလင်းဆိုလျှင် ပိုကောင်းပါသည်)
၅။ စိမ်ထားသော ဆေးကို (၅)ရက်ခန့် ထားပြီးလျှင် ၄င်းအရည်ဖြင့် အဆစ်မြစ်နာ၊ အကိုက်အခဲဖြစ်သည့်နေရာများကို စပြီးလိမ်းပေးနိုင်ပါပြီ။ တစ်လခန့်အထိ စိမ်ထားပြီး လိမ်းနိုင်ပါသည်။
ရောဂါဝေဒနာများ သက်သာပျောက်ကင်းနိုင်ကြပါစေ။
ဦးစောနွဲ့ နေဆိုင် (တိုင်းခမ်းတီ)
ကိုးကား ။ ။ မြန်မာ့ဆေးကျမ်းများ၊ ရိုးရာဆေးမြီးတိုများ
Credit to ကျန်းမာရေးသတင်းများ
0 Kommentare:
Kommentar veröffentlichen
Abonnieren Kommentare zum Post [Atom]
<< Startseite