Samstag, 29. November 2014

Jesus Is Your Restorer And Nourisher

Ruth 4:15
And may he be to you a restorer of life and a nourisher of your old age…

Famine impoverished the life of Naomi, an Israelite. But it was the deaths of her husband and two sons that left her completely destitute. (Ruth 1:1–5) Or so she thought, until Boaz, who was a wealthy and close relative, entered her life.
As her kinsman-redeemer, Boaz married Ruth, Naomi’s widowed daughter-in-law. And through that union, Naomi had a grandson. The birth of her grandson gave her a new lease of life, causing the womenfolk in her village to declare that the restorer of life and the nourisher of her old age had come into her life. (Ruth 4:14–16)
Boaz is a picture of Jesus, our kinsman-redeemer. Jesus became our kinsman when He was born into this world as one like us. And He became our Redeemer when He paid with His life and blood at the cross to redeem us.
Jesus gave Himself to us as our restorer of life and nourisher of our old age. When the restorer of life is in our lives, what we have lost can be restored. (Joel 2:25−26) And with the nourisher of our old age in us, our bodies can be gloriously renewed even though we advance in our years.
That is why when Moses died at the age of 120, his eyes were not dim and his natural vigor was not diminished. (Deuteronomy 34:7) Caleb, at 85 years old, could still drive out the giants from the land. God had literally nourished his body and made it strong for war. (Joshua 14:11) Sarah was certainly rejuvenated in her old age by God for she was still desirable to a king at the age of 90. (Genesis 20:1–2) God even renewed her womb. She received strength to conceive seed (Hebrews 11:11), giving birth to Isaac in her old age.
Beloved, God is outside of time and your faith in Him brings you into this timeless zone. There, what the years have stolen will be restored. And even as your years increase, you will not grow weak and weary because the restorer of life and nourisher of your old age is in you!

Thought For The Day

With Jesus the nourisher of our old age in us, our bodies can be gloriously renewed even though we advance in our years.

Dienstag, 4. November 2014

Android ဖုန်းတွေက Password , Pattern Lock, တွေမေ့သွားရင် ဘယ်လိုဖြေရှင်းမလဲ ?



Android Device တွေက Pattern Lock , Password တွေမေ့သွားလို့ မမှတ်မိတော့ဘူးဆိုရင် အလွယ်တကူ ဖြုတ်ပြစ်နိုင်ပါတယ်...

မိမိဖုန်း Setting မှ USB Debugging ကို Enable ပေးထားရပါ့မယ်.. ဒီအဆင့်ကို များသောအားဖြင့် Root ဖေါက်ထားတဲ့ ဖုန်းတိုင်း ON ထားတတ်ကြပါတယ်။  ဒါလေးကို Android ဖုန်းကိုင်သူတိုင်း On လုပ်ထားကြစေချင်ပါတယ်... ဖုန်းမှာ USB Debugging ကိုအမြဲ ဖွင့်ထားပါ။

USB Debugging ကို အောက်ပါအတိုင်း ဖွင့်ထားနိုင်ပါတယ်..။
 Android Version 2.3.x  တွေမှာဆိုရင် Setting > Application > Development ကတဆင့် USB debugging ကို Check လုပ်ပြီး On ထားနိုင်ပါတယ်။ ICS(4.0.x) နဲ့ Jelly Bean(4.1.x) တွေဆိုရင်တော့ Setting > Developer options ကတဆင့် USB debugging ကို On ထားနိုင်ပါတယ်...  အကြောင်းအမျိုးမျိုးကြောင့် Firmware ကျသွားတာမျိုး ဒါမှမဟုတ် ခုလို Pattern Lock / Pin / Password Lock တစ်ခုခုကျသွားတဲ့ပြဿနာမျိုးကို ပြန်လည်ဖြေရှင်းတဲ့အခါ ဆိုင်သွားစရာမလိုပဲ ကိုယ်တိုင်ဖြေရှင်းလို့ရနိုင်မှာပါ..။
အရင်ဆုံး မိမိ ကွန်ပျူတာမှာ Driver ရှိရပါမယ်...  လိုအပ်တဲ့ USB Driver တွေကို  ဒီနေရာ ကတဆင့် သက်ဆိုင်ရာ Driver ကို ဒေါင်းယူပြီး Install လုပ်ပါ.. ။
ပြီးရင် ဒီ Shuame ဆိုတဲ့ Root Tool ကို ဒေါင်းယူ Install လုပ်ပါ..
 (ဒီ Tool လေးက Root ဖေါက်နိုင်တဲ့အပြင် တခြား အသုံးဝင်တဲ့ Feature တွေလည်းအများကြီး လုပ်ဆောင်နိုင်ပါသေးတယ်.. Android Devices ကိုင်ဆောင်ထားတဲ့ သူတိုင်း ဆောင်ထားသင့်တဲ့ Root Tool လေးပါ) 
လိုအပ်တဲ့ Driver လည်း Install ပြီးပြီ ဆိုရင် Shuame Root Tool ကို Run လိုက်ပါ... Pattern Lock,Password မေ့နေတဲ့ ဖုန်းကို USB Cable ကတဆင့် ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ... ကျန်တာတွေကိုတော့  အောက်က ပုံလေးတွေထဲအတိုင်း နံပါတ် အစဉ်လိုက် နှိပ်ပေးလိုက်ပါ..။(ပုံသေးနေရင် ပုံကို Click လိုက်ပါ)
အားလုံးပြီးရင် Pattern Lock , Password မေ့နေတဲ့ ဖုန်းကို ကြိုက်သလို ဆွဲ လိုက်ပါ... ပြန်ပွင့်သွားပါပြီ..။

အပေါ်ကနည်းအတိုင်းပဲ PIN Password ကိုလည်း ဖြုတ်ပြစ်နိုင်ပါတယ်...။





အဆင်ပြေကြပါစေ..


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒါကတော့ USB Debugging ကို ON မထားမိဘူး Root လည်းဖေါက်မထားတဲ့ Android Device တွေအတွက်ပါ....  အောက်က Tool လေးနဲ့ ဖြေရှင်းနိုင်ပါတယ်..။ မြန်မာ Developer ကို Psychist Naing Lynn ရေးထားတဲ့ Tool လေးပါ..။



USB Debugging On ထားစရာမလိုဘဲ ဖုန်းမှ Pattern Lock များကိုဖြုတ်နိုင်တဲ့ Tool လေးပါ... ဒီ Tool လေးကိုရေးသား ဖန်တီးသူကတော့ ကို Psychist Naing Lynn ဖြစ်ပါတယ်။ Samsung Ace,Huawei y511, g520 g525 auxv920 နဲ့ Huawei တော်တော်များများမှာစမ်းသပ်အောင်မြင်ထားတယ်လို့ဆိုပါတယ်။ ကျန်တဲ့ဖုန်းတော်တ်ာများများမှာလည်းအဆင်ပြေပါလိမ့်မယ်။

File Password က nainglynn ပါ။

အသုံးပြုနည်းကတော့ ဖုန်းကို Recovery Mode  ကို ဝင်ပါ....  USB Cabel  မှ တဆင့် ကွန်ပျူတာနှင့်ချိတ်ပါ ...ပြီးရင် ဇစ်ဖိုင်ထဲက  AndroidSystemTool .bat ကို Run ပါ။ Reboot ကျပြီးပြန်တက်လာရင် Pattern Lock ပျက်သွားပါပြီ .... ကွန်ပျူတာ, ဖုန်း တွေ မတူနိုင်တဲ့အတွက် တချို့ဖုန်းတွေမှာတော့ အဆင်ပြေချင်မှပြေပါလိမ့်မယ်

Click Here to Download
 

ဝင်းကမ္ဘာကျော်
www.winkabarkyaw.net

ကိုယ်ဝန်ဆောင် မေမေများနှင့် နောင်အချိန် မိခင်ဖြစ်လာမည့် မြန်မာ အမျိုးသမီးလေးများ သိစေဖို့ 

  
-ကိုယ်ဝန် ယူမည်ဟု စတင် စဉ်းစားချိန် ကတည်းကပင် မိမိ စားသုံး သောက်နေသော အစားအသောက်ကို နားလည် သင့်ပြီး လိုအပ်ပါက ကိုယ်ဝန် ဆောင်ချိန်တွင် စားသောက်ရမည့် အဟာရ ဖြစ်စေသော အစားအစာများကို ကြိုတင်ပြောင်းလဲ စားသောက် ထားသင့်သည်။ မိမိပါတ်ဝန်းကျင်မှ လူများအားလုံး ကိုလည်း မိမိ စားသောက်ပုံနှင့် တူညီစေရန် ပြောင်းလဲ စားသောက်စေ သင့်သည်။

-အရေးအကြီးဆုံး အချက်တစ်ခု ကတော့ ကိုယ်ဝန်ဆောင် မိခင်များ အနေဖြင့် ဆရာဝန် ရွေးချယ်ရာတွင် ပါတ်ဝန်းကျင်မှ အတွေ့ အကြုံရှိ သူများကို မေးမြန်းပြီး မှန်ကန်သော ဆရာဝန်အား ရွေးချယ်ပြီး ကိုယ်ဝန် အပ်နှံရမည်။ အဆင်မပြေ ပါကလည်း အားနာနေခြင်းမျိုး မဖြစ်ရပဲ မိမိအတွက် သင့်တော်မည့် ဆရာဝန်အား နောက်မကျပဲ အမြန် ဆုံးပြောင်းလဲ အပ်နှံသင့်သည်။

-မိမိ ပါတ်ဝန်းကျင်မှ အတွေ့ အကြုံရှိသူများ ထံမှလည်း ကိုယ်ဝန်ဆောင် အတွေ့ အကြုံ ၊ မိဘ ဘ၀အတွေ့ အကြုံ များအားလုံးကို လေ့လာထားရမည်။ ဒါပေမယ့် အရာအားလုံးကိုလည်း မှန်သည်ဟု ခေါင်းထဲ ရိုက်မထည့် ထားသင့်ပဲ မိမိဦးနှောက်ဖြင့် စဉ်းစားသုံးသပ် မှတ်သားထားရမည်။

-မိမိပါတ်ဝန်းကျင်မှ ငါ့တုံးက လုပ်တာပဲ ဘားမှမဖြစ်ပါဘူး လူတွေက အစိုးရိပ်လွန်နေတာ ဆိုတဲ့သူတွေ ရဲ့ စကားတွေကိုလည်း အထူးချင့်ချိန်ပြီးမှ ယုံကြည်သင့်သည်။ တစ်ချို့အန္တာရယ် ရှိသောနေထိုင်မှူတွေဟာ လူတိုင်းမှာ ဒုက္ခမဖြစ်နိုင်သော်လည်း မိမိမှာဖြစ်ပေါ်လာပါက ပြန်ပြင် မရနိုင်သောကြောင့် သူများပြောတိုင်း မယုံစေခြင်းဖြစ်သည်။

-ကြောင်များနှင့် ဝေးဝေးနေသင့်ပြီး ကြောင်အညစ်အကြေးများနှင့်လည်း မထိတွေ့အောင် ကာကွယ်နေထိုင် ရမည်။

-ကလေးအား ဘေးဖြစ်နို်င်သော ဓါတုဆေးဝါးများ ပိုးသတ်ဆေး များကိုလည်း လုံးဝရှောင်ရှားရမည်။ ဆံပင်ဆေးဆိုးခြင်း၊ ကိုယ်ခန္ဒာပေါ်တွင် ဓါတုဆေးများ အသုံးပြုပြီး ဖယောင်းတင်ခြင်း၊ အမွေးချွတ်ခြင်း၊ အနှိပ်ခံခြင်းများလည်း အပါအ၀င်ဖြစ်သည်။

-သွားကျန်းမာရေး ဟာလည်း အရေးကြီးပြီး နေ့စဉ်သွားတိုက် သင့်သလို ကိုယ်ဝန်ဆောင်မည်ဟု ဆုံးဖြတ် ထားစဉ်ကတည်းကပင် သွားဆရာဝန်ဆီ သွားရောက်ကာ ကြိုတင်ပြင်ဆင်မှူ လုပ်ထားရမည်။ ကိုယ် ၀န်ဆောင်နေစဉ် မဖြစ်မနေ သွားရောက်ပြသ ပါကလည်း သွားဆရာဝန်အား မိမိတွင် ကိုယ်ဝန်ရှိနေသည် ကို အသိပေးရမည်။

-ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် ကိုယ်ဝန် မဆောင်ခင်နှင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မိမိ ကျန်းမာရေး၊ ကလေးကျန်းမာရေး အတွက် လိုအပ်သော အရာမှန်သမျှကို သိရှိထား သင့်သည်။ လို အပ်သော ကိုယ်ဝန်ဆောင် စာအုပ်များ ကလေးနှင့်ဆိုင်သော စာအုပ်များ စာပေများကိုလည်း ရှာဖွေဖတ်ရူ ထားသင့်သည်။ သူများပြောမှ သိတာထက် မိမိ၏ကိုယ်ပိုင် အသိဥာဏ်ကြွယ်ဝနေဖို့ များစွာအရေးကြီး သည်။

-ကိုယ်ဝန်ဆောင်နေစဉ်ဖြစ် ပေါ်လာနိုင်သည့် နာကျင်ခံစားမူ၊ ဗိုက်ကြောပြတ်ခြင်း၊ ကလေးနို့တိုက်ချိန် တွင်ဖြစ်ပေါ်နိုင်မည့် ပြသနာများကိုလည်း ကြိုတင် သိရှိထားသင့်သည့်။

-နေ့စဉ် ၅ကြိမ် ၆ကြိမ် ခန့် အဟာရဖြစ်စေသော အစာများကို စားသုံးပါ။ ဘယ်အစာဟာစားဟာ စားသင့် တယ် မစားသင့်ဘူး ဆိုတာကိုလည်း ထားရမည်။ ကြက်ဟင်းခါးသီး၊ ဒညင်းသီးတို့လို အသီးများကိုတော့ လုံးဝရှောင်ပြီး စားသုံးသင့်သည်။

-ကိုယ်ဝန်ဆောင်စဉ်အ တွင်း တစ်နေ့ဖောလစ်ဓါတ် ၀.၄ မီလီဂရမ် ရအောင် စားသုံးရမည်။ Omega -3 ဟာလည်း ကလေးကောမိခင်အတွက်ကောင်းလို့ EPA-DHAဓါတ်များပါဝင်သော Omega -3ကို ဆရာဝန် ညွှန်ကြားမှူဖြင့် ကိုယ်ဝန်ရှိချိန်မှ ကလေးနို့ ဖြတ်သည့် အချိန်ထိသောက်သုံးပေးသင့်သည်။ အခြား ကိုယ်ဝန်ဆောင်အချိန် လိုအပ်သော ဗိုက်တာမင်ဆေးဝါးများကို ဆရာဝန်၊ ကျန်းမာရေးမှူးများ၏ ညွှန်ကြား မှူဖြင့်သောက်သုံးပါ။ ဗိုက်တာမင် အေကဲ့သို့ဆေးဝါးများ၊ ဗိုက်တာမင်အေ ဓါတ်များသော အသည်းအမြစ် စားသုံးခြင်း များဟာလည်း များလွန်းလျှင် ဘေးဖြစ်တတ်တာမို့ ဗိုက်တာမင်တွေ အကြောင်းလည်း အနည်းငယ် လေ့လာထားသင့်သည်။

-အရည်များများ သောက်ပါ။ တစ်နေ့အနည်းဆုံး အရည် ၁၀ခွက်လောက် သောက်သုံးသင့်ပါသည်။ ကဖိန်းဓါတ် များသော အရည်များနှင့် ဆိုးဆေးပါသော အရည်များကို တော့ရှောင်ရှားသင့်ပါသည်။
-အရက် လုံးဝမသောက်သုံး သင့်ပါဘူး။

-ဆေးလိပ် မသောက်သုံးသင့်သလို့ ဆေးလိပ်သောက်သုံး သူတွေနှင့်လည်း အတူအကြားကြီး မနေထိုင် သင့်ပါဘူး။ မိမိခင်ပွန်း အမျိုးသား သောက်သုံးပါကလည်း မိမိကလေးအတွက် ဆေးလိပ်ကို လုံးဝစွန့် လွှတ်စေသင့်ပါတယ်။

-မိခင်လောင်းများ အနေနှင့် ကိုယ်ဝန်အား ဂရုစိုက်လွန်ကဲပြီး အချိန်တိုင်း ထိုင်နေခြင်း အိပ်နေခြင်းများဟာ လည်း မသင့်လျှော်ပါဘူး။ အပေါ့စား ယောဂကစားခြင်း၊ ကိုယ်ဝန်ဆောင်မိခင် အားကစား အသင်းများဝင်ပြီး ကစားခြင်း၊ လမ်းလျှောက်ခြင်း၊ သာမာန် အိမ်တွင်းမှူအလုပ်များ လုပ်ဆောင်ကာ လန်းဆန်း ကျန်းမာအောင် နေထိုင်ရပါမယ်။

-မိခင်လောင်းများ အနေနှင့် ညအချိန် အနည်းဆုံး ၈နာရီလောက် အိပ်စက်သင့်ပြီး နေ့ခင်းများမှာလည်း လိုအပ်ပါက မိနစ် ၃၀ ထက် မပိုသော ခဏအိပ်စက်ခြင်း ကိုလည်း ပြုလုပ်နိုင်ပါတယ်။

-အလှအပထက် သက်သောင့် သက်သာရှိသော အ၀တ်အထည် များကိုသာ ၀တ်ဆင်သင့်ပြီး ဖိနပ်ကို လည်း မချော်သော ခြေညှပ်ဖိနပ်များ၊ ဖိနပ်ပါးများကိုသာ စီးသင့်ပါသည်။

-ဆေးဝါးများကိုလည်း အရင်အချိန်ကဲ့သို့ အလွယ်တကူ မသောက်သုံးသင့်ပဲ လိုအပ်သည်ထင်ပါက ဆရာဝန်ဖြင့် တိုင်ပင်ပြီးမှသာ ညွှန်ကြားသည့် အတိုင်းသောက်သုံး သင့်ပါသည်။

-မိမိအခန်းတွင်လည်း ကလေးရောက်ရှိ လာမည်ကို ကြိုတင်ပြင်ဆင် ထားသင့်သည်။

-ကလေးအတွက် လိုအပ်သော အသုံးအဆောင်များကိုလည်း အချိန်ပေးသည်နှင့် ကြိုတင်စုဆောင်း ထားသင့်သည်။

-မိမိဖြစ်လာမည့် မိခင်ဘ၀အတွက် စိတ်ဓါတ်၊ ငွေကြေး၊ အချိန်အားလုံးကို ကြိုတင်ပြင်ဆင် ထားရမည်။

-မွေးဖွားဖို့အချိန် မွေးဖွားမည့်ပုံစံ မွေးဖွားမည့် ဆေးရုံစတာတွေကို မိမိဆရာဝန်နှင့် ကြိုတင်တိုင်ပင်ထား ရမည်။

-မိမိ ကလေးမွေးဖွားပြီးချိန်တွင် ကလေးအတွက် အသင့်ဖြစ်နေစေရန် ကလေးဆရာဝန်၊ သူနာပြုဆရာမ အကူထားမည် ဆိုပါကလည်း အသင့်ဖြစ်နေစေရန် နီးစပ်ရာ အတွေ့အကြုံရှိသူ များကိုမေးမြန်းပြင်ဆင် ထားသင့်သည်။

-ကလေးမွေးဖွားပြီးပါက ကလေးအတွက် လိုအပ်သော ကာကွယ်ဆေးများကို ထိုးရန်နှင့် ထိုးရမည်ရက်များ အတွက်လည်း သေချာ မှတ်သားထားရန် များစွာ အရေးကြီးပါသည်။

-နောက်ဆုံးအနေဖြင့် ကလေးဆိုသည်မှာ မိခင်ဖခင်များသည် သူတို့အတွက် လေ့လာသင်ယူသူ အားကြ အတုယူသူများဖြစ်သဖြင့် မိမိကလေးနောင်ရေးအတွက် မိမိတွင် အကျင့်ဆိုးစရိုက်ဆိုးများ ရှိပါကလည်း အချိန်မှီပြုပြင် ထားကြပါလို့ တိုက်တွန်းရင် ကိုယ်ဝန်ဆောင် မိခင်များ ကျန်းမာသန်စွမ်းပြီး ချစ်စရာကောင်းသော မိမိရင်သွေးလေးများကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်လိုက်ပါတယ်။

သင့်ကိုယ်ခန္ဓာ အတွင်းမှာ အညစ်အကြေးတွေ ဘယ်လောက်တောင် စုပုံနေပြီလဲ


 
သွေးအတွင်းမှ အညစ်အကြေးတွေ ကိုလည်း သန့်စင်ပေးဖို့  မိမိကိုယ်တိုင် စွမ်းဆောင်နိုင် ပါတယ်။ ဒါကတော့ Detox Water ပြုလုပ်ပြီး သောက်လိုက် ရုံပါပဲ။ ရနိုင်တဲ့ အကျိုးတွေ ကလည်း အများကြီးပါ။

Detox Water လုပ်ဖို့ ဘာတွေ လိုအပ်သနည်း

- ရေသန့် ၂လီတာ လိုပါတယ်။
- သံပရိုသီး ( သို့ ) သံပရာသီး ၁လုံး ( သို့ ) Apple Cider Vinegar ဟင်းခပ်ဇွန်း ၁-၂ခွန်း ( မိမိ လိုအပ်သလောက် အနည်း အများ ချိန်နိုင်သည်။ အရမ်း ချဉ်အောင်တော့ မထည့် သင့်ပါဘူး။
- ပူစီနံရွက် ၁၀ရွက် မှ ၁၅ရွက်
- သခွားသီး အလတ် ၁လုံး ( သို့ ) ဖရဲသီး အနည်းငယ်
- လိမ္မော်သီး အနည်းငယ်
- ရေ ၂လီတာဆံ ဖန်ခွက်ကြီးတစ်လုံး

အထက်ပါ လိုအပ်တာ အားလုံးတို့အား ဖန်ခွက်အတွင်း ပေါင်းထည့်ပါ။ ကြိတ်ဖို့ မလိုပါဘူး။ ထို့နောက် ရေခဲသေတ္တာထဲတွင် ထည့်ပြီးနောက်နေ့ မနက်မှ စတင်ကာ ၁ရက်လုံး သောက်သုံးနိုင်ပါပြီ။ ၂၄နာရီ ထက်ကျော်ပြီးတော့ မသောက်သုံး သင့်ပါ။ ထိုသို့နေ့စဉ် ဆက်တိုက် သောက်သုံးနိုင်သလို ၁ပါတ် အတွင်း ၂ရက် ၃ရက် အဆင်ပြေသလို သောက် သုံးနိုင်ပါတယ်။ ၁ လလောက်သောက် သုံးပြီးသွား ရင်တော့ အနည်းငယ် ထူးခြား လာပါလိမ့်မယ်။

ရလာဒ်တွေ အနေနဲ့ကတော့ 

-သွေးအတွင်းမှ အညစ်အကြေးများကို သန့်စင် သွားပါလိမ့်မယ်။
-ကျောက်ကပ်နှင့် အသည်း အတွင်းမှ အညစ်အကြေးများကို သန့်စင် သွားပါလိမ့်မယ်။
- မလိုတဲ့ အဆီတွေကိုလည်း ကျစေပါတယ်။
- ကိုယ်ခန္ဓာရဲ့ ခုခံစွမ်းအားလည်း တက်လာပါမယ်။
- အသားအရေ ဟာလည်း ၀င်းပလှပ လာပါလိမ့်မယ်။
- နေ့တိုင်းလည်း ရေကို ပိုသောက်ဖြစ်စေတာပေါ့။

သင်လည်း စမ်းသောက်ကြည့် လိုက်ပါအုံး။ ရေကတော့ ၁လီတာပဲ သောက်မယ်ဆိုရင် လိုအပ်တာတွေ ကိုလည်း လျှော့ထည့်ဖို့ မမေ့နဲ့အုံး။

Happy Mom Pregnancy Pillow

လူငယ်ဘဝမှာ မပြောသင့်သော စကားများ


အမြဲတမ်း တဖက်သားကို စိတ်ပျက်စရာ စကားတွေ ကို ပြောနေတဲ့ သူဟာ သူကိုယ်တိုင်လည်း မကောင်း သလို ကြားရ သူမှာလည်း စိတ်ချမ်းသာ လိမ့်မယ်လို့ မထင်ပါ။

စိတ်ညစ် စိတ်ပျက်စရာ စကားတွေကို အမြဲပြောနေ ရင်တော့ ကြာရင် ပတ်ဝန်းကျင်က လူတွေက ကိုယ့်ကို စွန့်ခွာသွား ပါလိမ့်မယ်။

ကိုယ်ကပြောနေကျ စကားတွေထဲမှာ အကျင့်လိုဖြစ်နေတဲ့ စိတ်ပျက်စရာ စကားလုံးတွေက ဘယ်လိုဖြစ် မှာလဲ ဆိုတာကို တင်ပြပါရစေ။

၀၁. ဒါပင်မဲ့

ကျောင်းသားဘဝကနေ အလုပ်ဖို့ဖြစ်လာပြီး တကယ့်လူ့ပတ်ဝန်းကျင်ကို ရောက်လာရင်တော့ အပြောခံရတဲ့ စကားလုံးတွေထဲမှာ မတရားတာတွေလဲ ရှိနိုင်ပါတယ်။ အပြောခံရင်လည်း ချက်ချင်းဆိုသလို ခံမပြောပဲ အရင်နားထောင်ကြည့်ပါ။ ချက်ချင်း ဒါပင်မဲ့ ဆိုပြီး ချက်ချင်း ဆင်ခြေမပေးပါနဲ့။ အပြောခံလိုက်ရတာတွေကို စိတ်အေးအေးနဲ့ ပြန်လည် သုံးသပ်ကြည့်ပါ။

၀၂. အား ဘာမှလုပ်စရာမရှိဘူး။ ပျင်းစရာကောင်းလိုက်တာ

ဘဝမှာ ရည်မှန်းချက်တွေ၊ ဘဝအိမ်မက်ပန်းတိုင်တွေရှိသောသူဟာ ပျင်းဖို့တောင်အချိန်ရှိမှာ မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်လုပ်မဲ့အလုပ်ကို စနစ်တကျ စဉ်းစားပြီး အကွက်ကျကျ လုပ်နေ လို့ပါ။ ဒီစကားမျိုးဟာ ကိုယ့်အတွက်လည်း မကောင်းသလို လုပ်ဖော်ကိုင်ဖက်ကလည်း ချစ်ခင်လေးစားမှာ မဟုတ် ပါ။ ကိုယ်ဟာ အသုံးဝင်သောသူ မဟုတ်ပါလို့ ကြောငြာနေသလို ဖြစ်ပါလိမ့်မယ်။

၀၃. ပြီးမှလုပ်မယ်။ မနက်ဖြန်လုပ်ပေးပါ့မယ်။

အလုပ်များသောသူဆိုတာ ပတ်ဝန်းကျင်ရဲ့ယုံကြည်မူကြောင့် အလုပ်တွေက တခုပြီးတခုလုပ်နေရတာပါ။ လက်ခံထားတဲ့အလုပ်တွေကို ပြီးမှလုပ်မယ်။ မနက်ဖြန်မှလုပ်မယ်ဆိုပြီး အချိန်ဆွဲနေရင်တော့ အလုပ် လည်းပြီးမှာ မဟုတ်သလို အလုပ်အပ်သူရဲ့ ယုံကြည်မူကိုလည်း လက်လွတ်ဆုံးရှုံးရပါလိမ့်မယ်။ ခိုင်းတဲ့ အလုပ် အပ်တဲ့အလုပ်ကို ချက်ချင်းလုပ်စေချင်ပါတယ်။

၀၄. ကံကို မကောင်းဘူး။

အထက်လူကြီးကနေ အပြစ်ရှိလို့ အဆူခံရတာကို ကံမကောင်းဘူးလို့ မယူဆသင့်ပါ။ ဘာကြောင့်လဲဆိုရင် ဒီစကားက ကိုယ်မှာတာဝန် မရှိဘူးဆိုပြီး ခေါင်းလွဲတဲ့စကားပါ။ ကိုယ်ရဲ့အမှားကို ကံထံလွှဲမချပါနဲ့။ ကိုယ့် အပြစ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး ဘာကြောင့်မှားသလိုဆိုတာကို စဉ်းစားသုံးသပ်ကြည့်ပြီး နောင်မမှားအောင် ကျင့်ပါ။

၀၅. မဖြစ်နိုင်ဘူး။

လုပ်တောင်မလုပ်ရသေးဘူး မဖြစ်နိုင်ဘူးလို့ ပြောနေတာဟာ မှားနေတယ်လို့ထင်ပါတယ်။ လူ့လောက ကြီးမှာ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ခဲ့ကြလို့ ၂၁ရာစုကြီးကိုရောက်ပြီး Facebook ကို သုံးနေကြတာပါ။ စွန့်စားပြီး လုပ်ကြည့်ပါ။ လုပ်ပြီးမှသာ ဖြစ်နိုင်မဖြစ်နိုင်ကို သိပါလိမ့်မယ်။

၀၆. ပင်ပန်းလိုက်တာ။

မောလိုက်တာ၊ ပင်ပန်းလိုက်တာ ဆိုတဲ့စကားဟာ အထူးအဆန်း မဟုတ်ပင်မဲ့ ကြားရသူကိုလည်း ကူးစက်စေ ပါလိမ့်မယ်။ အလုပ်လုပ်ရင်တော့ ပင်ပန်းမယ်။ မောပါလိမ့်မယ်။ ဒါက မၿဖစ္မေန ၿဖစ္မဲ့ ကိစ ၥတစ္ခုပါ။ မောနေတယ်ဆိုတာ အလုပ်လုပ်နေတယ်ဆိုပြီး ခံစားကြည့်လိုက်ပါ။

၀၇. ဘာကြီးမှန်းကို မသိဘူး။

ဘာကိုမှ အကောင်းမမြင်၊ လုပ်မဲ့ကိစ္စကို အရင်ဝေဖန်နေရင်တော့ ကိုလေပေါ သာဖြစ်သွားပါလိမ့်မယ်။
အခြေအနေ ကိစ္စတစ်ခုကို သေသေချာချာ သုံးသပ်စဉ်းစားပြီးမှ ထင်မြင်ချက်ကို အကောင်းဘက်မှ စပြော ပါ။

၀၈. ပိုက်ဆံမရှိဘူး။

လူတွေက မွေးထဲက ပိုက်ဆံကို လက်ထဲဆုပ်ပြီး မွေးလာတာ မဟုတ်ပါ။ ကိုယ့်အတွက် အကျိုးရှိမဲ့ ကိစ္စဆိုရင် ပိုက်ဆံကို သုံးသင့်ပါတယ်။ မလိုအပ်တဲ့ နေရာမှာသုံးရင်သာ ပိုက်ဆံကို ဖြုန်းတာပါ။ လူငယ် ဘဝမှာ ပိုက်ဆံမရှိတာမှန်ပင်မဲ့ ရှိတဲ့ပိုက်ဆံလေးကိုလည်း အကျိုးရှိရှိသုံးသင့်တယ်လို့ထင်ပါတယ်။

၀၉. ဒီနေ့အခြား ကိစ္စလေးရှိလို့။

လူငယ်ဘဝ အပေါင်းအသင်းကနေ လည်ဖို့ပတ်ဖို့ ခေါ်တာလည်းရှိပါတယ်။ အကျိုးမရှိတဲ့ ကိစ္စကို ငြင်းသင့် ပင်မဲ့ လိုအပ်တဲ့ကိစ္စကိုတော့ အရမ်းမငြင်းသင့်ပါ။ ကိုယ်က ဦးစားပေးရမဲ့ကိစ္စကို သေသေချာချာ စဉ်းစား ဆုံးဖြတ်သင့်ပါတယ်။

၁၀.အိပ်တောင် မအိပ်ရသေးဘူး။

လူငယ်တွေထဲမှာ မအိပ်ရသေးတဲ့ကိစ္စကို ကြွားဝါနေသူတွေလည်းရှိပါတယ်။ မအိပ်ရသေးတာက ကိုယ် ကညံ့လို့ပါ။ အလုပ်ကို စနစ်တကျလုပ်ရင်တော့ ဒီကိစ္စတွေ ဖြစ်မှာ မဟုတ်ပါ။ အောင်မြင်နေသော စီပွားရေး လုပ်ငန်းရှင်တွေတောင် အိပ်ချိန်ကို သတ်သတ်မှတ်မှတ်ရှိပါတယ်။ မအိပ်ရင် ကျန်းမာရေး ထိခိုက်နိုင်သလို မှတ်ဥာဏ်လည်းကောင်းမှာ မဟုတ်တဲ့အတွက် အလုပ်လည်း ပြီးမှာမဟုတ်ပါ။

၁၁. ရည်းစားထားဖို့တောင် အချိန်မရှိပါဘူး။

ပတ်ဝန်းကျင်မှာ ကိုယ်ကကြိုက်နှစ်သက်တဲ့သူမရှိလို့ မဟုတ်ပါ။ ကိုယ့်မှာ မလိုအပ်လို့သာ အဲဒီစကား ကို ပြောနေတာပါ။ တကယ်သာ ရည်စား ချစ်သူလိုချင် ရင်တော့ အပြင်ပဲထွက်ကြည့်ပါ။ လူတွေအများကြီး သွားလာနေကြတာပါပဲ။ ကိုယ်ကသာ စိတ်ပါရင် ဖူးစာရှင်နဲ့ တွေ့ဖို့ရင် မခက်ခဲပါ။

ကဲ အထက်မှာ ရေးထားတဲ့စကားတွေထဲမှာ စာဖတ်သူတွေ ပြောနေကြစကားလုံးတွေ ပါကောင်း ပါလိမ့်မယ်။ ကိုယ့်ရဲ့ဘဝကို အောင်မြင်ဖို့အတွက်ဆိုတာ ကိုယ်အားကိုယ်ကိုးရမှာပါ။ ဘယ်သူအကူအညီ ကိုမှ မျှော်လင့်နေလို့မရပါ။

Chelmo Team
http://www.chelmo.tips

Sonntag, 2. November 2014

အမျိုးသားတို့ ကျန်မာ ကြည့်ကောင်းအောင် ဘယ်လို နေထိုင်သင့်သလဲ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjQ-vxcV_JEFKcY4HsFR_7xO6XDgjB1JohyphenhyphenS1A1augLdei2WPRFRHHfDfuECoFOBVmd2QltgAGs-3gJwcVwxyHSwC-ITa7D_eBRy17zh8L3_ISxcJVLsbFtASz5XuXFqAY8RrMYAITbj8/s1600/man.jpg

မိန်းမကိုယ် အနံ့ဆိုး ကင်းပြီး ဆွဲဆောင်မှု ရှိသော ရနံ့များ သင်းပျံ့စေ၇န်

When God Ran



Luke 15:22
“But the father said to his servants, ‘Bring out the best robe and put it on him, and put a ring on his hand and sandals on his feet.

If you are a believer, you are probably familiar with the touching story of the prodigal son that Jesus shared. Who do you think the father in the story represents? Jesus’ Father in heaven, of course. Jesus was giving us a picture of His Father, who is also our Father.
In the story, the father was seen running toward his son, who was returning home. (Luke 15:20) Do you realize that God is never described as being in a hurry in the Bible? He is always cool and composed. The only time He is portrayed as being in a hurry is in this story. Though improper in Jewish culture, the father held up his robe and ran. Where was he running to? Why was he in such a hurry?
The father was in a hurry because he had seen his son, who was still a long way from home. He was running toward his son as he could not wait to embrace and kiss his child again.
The father was in a hurry to clothe his son with the best robe. My friend, our Father has put the best robe—the robe of righteousness—on us. In doing so, He has reinstated us as sons of the Most High God, a position which we had lost when Adam fell.
The father was in a hurry to put a ring on his son’s hand. Like the authority that is invested in the signet ring of a rich man’s son, our Father is eager to put back into our hands the authority to invoke His name, so that we can walk in dominion every day.
The father was in a hurry to put sandals on his son’s feet to assure him that he was still his son—only servants went about barefoot. Our Father never wants us to feel like hired servants or outcasts. We are always His sons.
Beloved, if the Father appears to be in a hurry, it is only because He is in a hurry to assure you of your position as His precious child!
Thought For The Day
If the Father appears to be in a hurry, it is only because He is in a hurry to assure you of your position as His precious child!

ချင်းတောင်တန်းပေါ်က သာမောဖွယ်ရာ အသည်းနှလုံးပုံသဏ္ဌာန် ရိဒ်ရေကန်











  ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့နယ်ခွဲရှိ ချင်းတောင်တန်း ပေါ်တွင် ရိဒ်ရေကန်ကြီးသည် မြောက်လတ္တီတွဒ်၂၃ဒီဂရီ ၁ဝမိနစ်နှင့်၂၃ဒီဂရီ ၂၃မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၄မိနစ်နှင့် ၉၃ဒီဂရီ ၃၂မိနစ်ကြားတွင် တည်ရှိ ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၉၆၆ပေမြင့် သော တောင်တန်းများအကြားတွင် ထူးဆန်းစွာ သဘာဝ အလျောက်ဖြစ်ပေါ်တည်ရှိကာ အသည်းနှလုံးပုံသဏ္ဌာန် သဖွယ် မြင်တွေ့ရသည်မှာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ ပေါ်တွင်ရှိသမျှ ရေကန်များနှင့်မတူဘဲ တစ်မူထူးခြားစွာ ဆန်းကြယ်လှသည့် ရေကန်ကြီးဖြစ်သည်။

အဆိုပါ အသည်းနှလုံးပုံသဏ္ဌာန် ရိဒ်ရေကန်ကို အေဒီ ၁၅ဝဝခန့်တွင် ချင်းတောင်တန်းနှင့်အတူစတင်တွေ့ရှိခဲ့သည်ဟု ခန့်မှန်းရပြီး ရေကန်၏ အကျယ်အဝန်း မှာ ဧရိယာ ၈၃၂ ဧကရှိကာ ရေကန်ပတ်လည်အနားမှာ ၂ ဒသမ ၅မိုင်ရှည်လျား၍ ပျမ်းမျှအနက်ပေ ၅ဝ နှင့် အနက်ဆုံးနေရာတွင်ပေ ၆ဝ ကျော်ရှိလျက် ချင်းပြည်နယ် ၏ အမျိုးသားဂုဏ်ဆောင် သင်္ကေတတစ်ခုအဖြစ် တန်ဖိုး ထားသတ်မှတ်သောရေကန်ကြီးတစ်ခုဖြစ်သည်။

ရိဒ်ရေကန်၏ အံ့သြဖွယ် ထူးခြားမှုများမှာ စတင် တွေ့ရှိသည့်အချိန်မှ ယခုအချိန်အထိ ရေကန်၏ရေ အတိမ်အနက်နှင့် အကျယ်အဝန်းများပြောင်းလဲခြင်းမရှိ ဘဲ ပကတိအတိုင်း တည်ရှိတည်မြဲနေခြင်း၊ ခြောက်သွေ့ မြင့်မားသော တောင်တန်းများကြားတွင် ရေကန်ကြီးဖြစ် ပေါ်လာခြင်း၊ ချောင်းရေမြောင်းရေစီးမဝင်ဘဲ မိုးရာသီ တွင် ကန်ရေပြင်ကြည်လင်၍ ဆောင်းနှင်းထန်သည့်အချိန် တွင် ကန်ရေပြင်ရဲရဲနီပြီး ရေနောက်မှုမရှိဘဲလျက် နှစ်စဉ် နှစ်တိုင်း ဒီဇင်ဘာလကုန်ပိုင်းအအေးဆုံး ကာလတွင် ခုနစ်ရက်မှ တစ်ဆယ်ရက်ခန့်အထိ ရေကန်မှရေများ နောက် ကျိသည့်အချိန်ရှိခြင်း၊ ရိဒ်ရေကန်မှရေကို ခပ်ယူပြီး အခြားအရပ်ဒေသသို့ ယူဆောင်ပါက အဆိုပါရေသည် ရိဒ်ရေကန်နောက်ကျိနေချိန်တွင် နောက်ကျိနေပြီး ရေ ကန်မှရေကြည်လင်နေချိန်တွင် ကြည်လင်နေခြင်းတို့ကြောင့် ထူးဆန်းသည့်ရေကန်ကြီး အဖြစ် ထင်ရှားလျက်ရှိသည်။

ထို့ အပြင် သဘာဝအလျောက် ပေါက်ရောက်သည့် ကြာဖြူကြာနီပန်းများ၊ ဗေဒါပန်းများ၊ မိုးမခပင်များနှင့် မိုးမခပင်ပေါ်မှ သဘာဝအလျောက်ပေါက်သည့် ရှားပါး သစ်ခွပန်းအလှမျိုးစုံများဖြင့် အသည်းနှလုံးပုံ ရိဒ်ရေ ကန်ကြီးကို အလွန်သာယာလှပစေပြီး သာမောရှုဖွယ် ဖြစ်အောင် အလှတန် ဆာဆင်ထားသည့်အတွက် စိတ် ဝင်စားဖွယ် ထူးဆန်းလှပသည့် ရိဒ်ရေကန်ကြီးဆီသို့ အရောက်လှမ်းလာစေရန် အလွန်ဆွဲဆောင်မှုရှိလှသော ရေကန်ကြီးလည်းဖြစ်သည်။

ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်စားစရာ နေရာတစ်ခုဖြစ်သော ရိဒ်ရေကန်ကို လေ့လာရေးခရီးဖြင့် လည်းကောင်း၊ အပန်းဖြေနားနေရန်နှင့်ပျော်ပွဲစားထွက်ရန် သော်လည်းကောင်း၊တောင်ပေါ်မြေပြန့်နေရာအနှံ့ရှိ တိုင်း ရင်းသားပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဧည့်သည် များလာရောက်လည်ပတ်သူများပြားကာ ပြည်နယ်၏ဝင် ငွေတိုးလာမည်ဖြစ်ကြောင်း၊ ရိဒ်ရေကန်သို့အဓိကလာရောက်လည်ပတ်သူများမှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဘက်မှ ရာသီမရွေးလာရောက်လည်ပတ်လေ့ရှိပြီး ရာသီဥတု သာယာသောကာလများတွင် တစ်ရက်လျှင် ကားအစီးရေ ၄ဝ မှ ၅ဝခန့်ရှိကြောင်း၊ ရေကန်အနီးတွင် ရိဒ်ကန်သာ စားသောက်ဆိုင်ရှိပြီး အပျင်းပြေကစားရန် ဂေါက်ကွင်း အငယ်စားလေးတွင် အပန်းဖြေဂေါက်ရိုက်၍ ကြည်လင် သောကန်ရေကိုချိုးကာ တောတောင်သဘာဝအလှကိုခံစား ရင်း ရိဒ်ရေကန်သို့ သွားရောက်လည်ပတ်အနားယူသင့် ပြီး မဟာသင်္ကြန်ပွဲတော်ကာလ၊ နှစ်သစ်ကူးနှင့် ခရစ္စမတ် ကာလများသည် အစည်းကားဆုံးဖြစ်ကြောင်းသိရသည်။

ဒဏ္ဍာရီပုံပြင်ရှိ ရိဒ်ရေအိုင်အကြောင်းကို တစ်ဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ပညာရေးဌာနက မူလတန်း အဆင့် သမိုင်းဘာသာရပ်၌ပြဋ္ဌာန်းသင်ကြားရာတွင် ''မီဇိုရမ်ပြည်နယ်တွင် အကြီးဆုံးသောရေအိုင်သည် ရိဒ် ရေအိုင်ဖြစ်သော်လည်းမြန်မာနိုင်ငံတွင်တည်ရှိသည်'' ဟုရေးသားဖော်ပြထားကြောင်း သိရှိရပါသည်။

ဤသို့ဖြင့် ချင်းပြည်နယ်၏ ကမ္ဘာလှည့်ခရီးသွားများ ကို ဆွဲဆောင်ရာ အသည်းနှလုံးပုံသဏ္ဌာန် ရိဒ်ရေကန် ကြီးသည် ထူးခြားဆန်းကြယ်လှပပြီး အလွန်ရှားပါးသော ရေကန်ကြီး တစ်ခုဖြစ်သည်နှင့်အညီ ရေကန်အတွင်းရှိ သားငါးများ မျိုးမပြုန်းတီးစေရေးအတွက် ကာကွယ် ခြင်း၊ ရေကန် ဘေးပတ်လည် စိမ်းလန်းစိုပြည်သာယာလှပ ရေးတို့ကို အလေးထားဆောင်ရွက်ခြင်း၊ သဘာဝအလှ ပန်းပင်များနှင့် သစ်ပင်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း တို့ကို အမိနိုင်ငံတော်နှင့် အသည်းနှလုံးပုံ ရိဒ်ရေကန်ကြီး ချစ်မြတ်နိုးသူ ပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။