Mittwoch, 10. September 2014

ပုံးရည်ကြီး ဝက်သုံးထပ်သား ဆီပြန်

ကီး ဝက်သုံးထပ်သား ဆီပြန်

Saturday, August 23, 2014
***... ပုံးရည်ကြီး ဝက်သုံးထပ်သား ဆီပြန် အတွက် လိုအပ်တာလေးတွေ….

1. ဝက်သုံးထပ်သား – ၁ ကီလို (၆၅ ကျပ်သား)ခန့်
2. အတုံးကြီးကြီး လှီးထားသော ကြက်သွန်နီ အရွယ်လတ် – ၂ လုံးခွဲ
3. အရသာမှုန့် (chicken powder) – လက်ဖက်ရည်ဇွန်း ၄ ဇွန်း
4. အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၃ ဇွန်း
5. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ
6. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
7. သကြား – ထမင်းစားဇွန်း ၁ ဇွန်း
8. ပဲငံပြာရည်အကျဲ – 1/2 cup (120 ml)
9. ဆီ – 3/4 cup (180 ml)
10. ပုန်းရည်ကြီး အစို အထုပ်သေး – ၁၀ ထုပ် (ထမင်းစားဇွန်း ၁၅ ဇွန်းခန့်)

ပုန်းရည်ကြီးမှ လွဲ၍ ကျန်ပါဝင်ပစ္စည်းအားလုံးကို အိုးတစ်လုံးထဲ ထည့်ကာ ဖိနယ်ပြီး ၁၀ မိနစ်ခန့် လုံး(မွှေကြော်)ထားပါ။

ထို့နောက် ရေနွေး (1000 ml) ထည့်ကာ အိုးအဖုံး ဖုံးပြီး medium heat နှင့် ၄၅ မိနစ်ခန့်် တည်ထားပါ။

ပြီးလျှင် ထိုအိုးထဲသို့ ပုန်းရည်ကြီးများကို ရေ (250 ml) နှင့် ဖျော်ကာ ထည့်ပြီး အိုးအဖုံးဖုံး၍ medium heat ဖြင့် ဆက်တည်ထားပါ။ (ပုန်းရည်ကြီးထည့်ပြီးလျှင် အိုးကပ်တတ်သောကြောင့် မကြာခဏမွှေပေး ပါ။)

အသားများနူးကာ၊ ပုန်းရည်ကြီးအနှစ်ရည် အပျစ်အကျဲ ကိုယ်ကြိုက်သောအနေအထားရလျှင် မီးဖိုပေါ်မှ အိုးကိုချကာ ငါးကြင်း ကြက်သွန်ဖြူကြော် ကြွပ်ကြွပ်လေး၊ မျှစ် ပုဇွန်ဆိတ်ကြော် စပ်စပ်လေး၊ ဝက်ရိုး မုန်ညင်းဟင်းရည် ချိုချိုလေး၊သရက်သီးစိမ်းသုပ် ချဉ်စပ်လေး တို့ဖြင့်တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

0 Kommentare:

Kommentar veröffentlichen

Abonnieren Kommentare zum Post [Atom]

<< Startseite