မနက်စောစော မလုပ်သင့်တဲ့အရာများ
မိမိရဲ့သာယာလှပတဲ့ မနက်ခင်းကို ပျက်စီးစေနိုင်တဲ့ အရာများစွာ ရှိပါတယ်။ တချို့ကျတော့ ကျွန်ုပ်တို့ဘက်နေ ဘာမှလုပ်လို့မရတဲ့ ယာဉ်ကြောပိတ်ဆို့မှု သို့မဟုတ် မိုးရွာတာ တွေပေါ့။ ဒါပေမယ့် ကျွန်ုပ်တို့ တတ်နိုင်တဲ့အရာတွေလည်း ရှိပါတယ်။ သင့်တစ်နေ့တာ ကောင်းမွန်စေဖို့၊ အားအင်တွေ ပိုမိုပြည့်ဝစေဖို့ရန်အတွက် မနက်ပိုင်း အလေ့အထ တစ်ချို့ကို ကြိုးစားပြောင်းလဲကြည့်ပါ။
မနက်စာအဆာပြေ ရိုးရှင်းလွန်းခြင်း
အကောင်းဆုံး မနက်စာမှာ ပရိုတိန်း ၁၅ ဂရမ်၊ အမျှင်ဓာတ် ၂.၅ ဂရမ်၊ ကာဗွန်ဟိုက်ဒရိုက်နဲ့ အဆီဓာတ်အနည်းငယ် ပါဝင်သင့်ပါတယ်။
မနက်အစောကြီး ကော်ဖီသောက်ခြင်း
မနက်အိပ်ရာ ထထချင်း အားအင်တွေ တိုးနေတဲ့အချိန်ပါ။ ဒါ့ကြောင့် ကော်ဖီက အားအင် ထပ်တိုးစေနိုင်ပါတယ်။ မနက် ကော်ဖီသောက်ဖို့ အကောင်းဆုံးအချိန်က အိပ်ရာထပြီး တစ်နာရီလောက်ကြာပြီးတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အားအင်ပြန်ကျသွားလို့ ကော်ဖီက နေ့ခင်းအထိ အားဖြစ်စေပါလိမ့်မယ်။
မျက်လုံးဖွင့်ဖွင့်ချင်း အီးမေးလ်နဲ့ message တွေ စစ်ဆေးခြင်း
ဒါ ချက်ချင်း ရပ်ပစ်သင့် အကျင့်ဆိုး တစ်ခုဖြစ်ပါတယ်။ မျက်လုံးဖွင့်ဖွင့်ချင်း message တွေစစ်တာ စိတ်ဖိစီးမှုဖြစ်ဖို့ အမြန်ဆုံးနည်းဖြစ်ပါတယ်။ အလုပ်အကြောင်းတန်းတွေးမယ့်အစား သက်တောင့်သက်သာဖြစ်စေမယ့် လှုပ်ရှားမှုတွေ စလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်း၊ သူငယ်ချင်းနဲ့ စကားပြောတာ၊ အိမ်မွေးတိရိစ္ဆာန်နဲ့ ဆော့ကစားတာ စသဖြင့် လုပ်သင့်ပါတယ်။ အဲဒီအတိုင်းဆိုရင် ဥာဏ်ကွန့်မြူးပြီး အလုပ်ကို ပိုတန်ဖိုးထား စိတ်ဝင်စားလာပါလိမ့်မယ်။
Credit:Trend Myanmar
0 Kommentare:
Kommentar veröffentlichen
Abonnieren Kommentare zum Post [Atom]
<< Startseite