Mittwoch, 3. Juni 2015

အချိန်လု၍ နံနက်စာ စားနေသူများ လိုက်နာရန်

နံနက်စာကို ဂရုတစိုက်အချိန်ပေးစားရန် မဖြစ်နိုင်သူများ အတွက် ကျန်းမာရေးနှင့် ညီညွတ်စေမည့် နံနက်စာစားရန် လမ်းညွှန်ချက်များကို ဖော်ပြပေးလိုက်ပါသည်။
နံနက်ပိုင်း အချိန်မပေးနိုင်သူများအနေဖြင့် ညကတည်းက ကြက်ဥများပြုတ်၍ ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်ပါ။နံနက်အပြင်ထွက်ချိန်တွင် ကြက်ဥပြုတ်များကို အခွံခွာ၍ ဆားအနည်းငယ်နှင့် ငရုတ်ကောင်းမှုန့်ထည့်၍ စားသောက်နိုင်သည်။

ယင်းအစားအစာများမှာ ကျန်းမာရေးနှင့် ညီညွတ်စေသည့်အပြင်အလွယ်တကူသယ်ယူသွားနိုင်သဖြင့် သင်သွားရာလမ်းတွင်လည်းစားသောက်နိုင်ပြီး ဗိုက်ပြည့်စေနိုင်သော နံနက်စာဖြစ်သည်။
ဟင်းသီးဟင်းရွက်များနှင့် ပရိုတင်းဓာတ်အချို့ထည့်ပေါင်းစပ် ၍ နံနက်စာစားပါ။ အကျက်ပြုတ်ထားသော ကြက်ဥများကို ၀က် ပေါင်ခြောက်အနည်းငယ်၊ လတ်ဆတ်သော ဒေါက်ခွရွက်များနှင့်  တွဲစားသင့်သည်။ အကယ်၍ ကြိုက်နှစ်သက်ပါက ပန်းသီးခြမ်းအချို့ (သို့မဟုတ်) အခွံမာသီးအချို့ ရောစပ်၍ စားပါ။ ညကတည်းက ယင်းအစားအစာများကို အလုံပိတ်ထားသော ပန်းကန်လုံးငယ်တစ် လုံးဖြင့် ထည့်သိမ်းထားပါ။
ညကတည်းက သင်အကြိုက်ဆုံးသစ်သီးများကို ဗာဒံစေ့၊ ထောပတ်သီးနှင့် ပရိုတိန်းဓာတ်တို့ဖြင့် ရောစပ်၍ ပြင်ဆင်ထားပါ။ ချယ်ရီသီး၊ ဘယ်ရီသီး၊ ဂရိတ်ဖရုစသော အသီးများမှာ ကျန်းမာရေး အတွက် ပိုကောင်းသည့်။ သို့သော်ယင်းမှာ သင့်အတွက် ညအချိန် အချိုပွဲဖြစ်မသွားစေရန် သတိထားပါ။
ယမန်နေ့ညနေက ကျန်သော အစားအစာများမှာ နောက်နေ့နံနက်စာအဖြစ် စားသုံးနိုင်သည်။ ကြက်သားဟင်းထဲက ကြက်သားကိုယူ၍ ပေါင်မုန့်ဖြင့်ညှပ်ပြီး အသားပေါင်မုန့်အဖြစ် စားနိုင်သည်။
ဟင်းရွက်သုပ်ကိုလည်း ပေါင်မုန့်ဖြင့် ညှပ်စားနိုင်သည်။ ပလာတာ (သို့မဟုတ်) ချာပါတီများကို ဟင်းသီးဟင်းရွက် အကျန်များထည့်၍ လိပ်ကာ နံနက်စာအဖြစ် စားသောက်နိုင်သည်။

0 Kommentare:

Kommentar veröffentlichen

Abonnieren Kommentare zum Post [Atom]

<< Startseite