Mittwoch, 22. Oktober 2014

ပျားရည် သံပုရာ ဖော်မြူလာက ၀မ်းဗိုက်သားကို လျှော့ ချပေးရမှာ အထောက်အကူပြု

  
ပါဝင်ပစ္စည်းများ

သံပုရာသီး ၁၅ လုံး
ပျားရည်
ဆား အနည်းငယ် 

ပြုလုပ်နည်း

သံပုရာသီး အခွံကို ဆားနှင့်  ပွတ်တိုက်ပေးပါ။ ၅ မိနစ်လောက် ကြာ လျှင် ရေနှင့် ဆေးကြောပေးပြီး ရေခြောက်အောင် ထားပါ။ သံပုရာသီး များကို အကွင်းလေးများ ဖြစ်အောင် ပါးပါးလှီး ပြီး အစေ့ များဖယ်ပစ်ပါ။
ကရားထဲသို့  သံပုရာသီး အကွင်းလေး (၁) ကွင်းလျှင် ပျားရည် စားပွဲတင် ဇွန်း(၁)ဇွန်း အချိုးကျထည့်ပြီး ရေမြုပ်အောင် ထည့်ပါ။ အဖုံး ဖုံးပြီး ရေခဲသေတ္တာ ထည့်ပြီး ၃ ရက် ခန့် ထည့် ပြီးသိမ်းထားပါ။ 

သောက်သုံးရန် အညွန်း

နံက်စာ မစားခင် ၁၀ မိနစ် အလို သံပုရာသီး အကွင်းလေး နှင့် ဖော်စပ်ထားသော အရည် ကို ရေအေးဖြင့် ရော၍ သောက်သုံးပါ။ အိပ်ရာမ၀င်ခင် သံပုရာသီး အကွင်းလေး နှင့် ဖော်စပ်ထားသော အရည်ကို ရေအေး (သို့ ) ရေနွေး ဖြင့် ရော၍သောက်သုံးပါ။ ၇ ရက် ဆက်တိုက် သောက်သုံးပြီး နောက် အားကစား လုပ်ရန် မလိုပဲ အစာခြေ စနစ်ကို ကောင်းမွန် စေပြီး ၀မ်းဗိုက်ကို ချပ်ရပ်စေပါသည်။

SK Herbal 
X Gym Fitness Club - Myanmar

0 Kommentare:

Kommentar veröffentlichen

Abonnieren Kommentare zum Post [Atom]

<< Startseite